မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ရာဇဓမ္မာဘိ
ဝံသ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည်မှာ
ငါးညရှိခဲ့ပြီ ဖြစ်သည်။ (၁၆-၁-၂၀၁၃) ရက် ညပိုင်းတွင် မျက်နှာတစ်ခြမ်း
လေဖြတ်သွားသောကြောင့် ငြိမ်းဆေးရုံမှာ ဆေးကုသမှုခံယူရခြင်းဖြစ်သည်။
မျက်နှာရွဲ့သွားခြင်းမှာ ချက်ချင်းပျောက်ကင်းသွားသော်လည်
း
တစ်ခါတစ်ရံ စကားလုံးများ မပီသတော့သောကြောင့် ဆေးရုံမှ (၇၂)နာရီ
စောင့်ကြည့်ကုသနေခြင်း ဖြစ်သည်။ ဆေးရုံဆင်းရမည့် (၁၉-၁-၂၀၁၃)နေ့တွင်
ပျို့အန်သောကြောင့် ဆင်းခွင့်မရတော့ဘဲ အဖြေရှာနေဆဲ ဖြစ်သည်။
ဆရာတော်ကြီးသည် ဧည့်ခံစကားပြောနိုင်၊ အာဟာရများသုံးဆောင်နိုင်၊
စာဖတ်ပြသည်ကို နားထောင်နိုင်သည့်အပြင် လိုအပ်သလို
ဆုံးမဩဝါဒများပေးတော်မူနိုင်လောက်အောင်
ကြံ့ခိုင်းတော်မူပါသည်။ စိုးရိမ်ဖွယ်မရှိပါ။ သက်တော် (၈၀)အတွင်း
ပထမဦးဆုံးအကြိမ် ဆေးရုံတက်ဖူးခြင်းဖြစ်ကြောင်း မိန့်တော်မူပါသည်။
ငြိမ်းဆေးရုံ အခန်း (၁၅၁)တွင် ကုသမှုခံယူနေပြီး ပြည်ကြီးတံခွန်
မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသနှင့်
တပည့်နာယကဆရာတော်လေးများ၊ ဆွေမျိုးသားချင်းများ၊ တပည့်ဒကာ/မများ
အနီးကပ်ပြုစုလျက် ရှိသည်။
ဆက်သွယ်ရန်- 09.91036012 / 09.2033803
Wira Thu
0 comments:
Post a Comment