ရန်ကုန်၊ ကျိုက်ထိုလမ်းပေါ်ရှိ ဝေါတံတား သံဘောင်ပျက်စီးသွား၍ ပြုပြင်နေသည့်အတွက် ကားစီးရေရာနဲ့ချီ၍ ပိတ်မိနေကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၃ နာရီခန့်တွင် ဘက်ဟိုး(မြေတူးစက်) တင်ဆောင်လာသည့်ယာဉ်
ဖြတ်သန်းစဉ် ယာဉ်ပေါ်ရှိ ဘက်ဟိုးနှင့် တံတားဘောင် တိုက်မိရာမှ
တံတားဘောင်ပျက်စီးသွားခြင်းဖြစ်ပြီး ယခု အင်ဂျင်နီယာအဖွဲ့က ပြန်လည်တည်ဆောက်နေရာ ယနေ့ နေ့ချင်း ပြန်ဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းရဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကားတွေကတော့ ရာနဲ့ချီ ပိတ်နေတယ်။ တချို့ကလည်း ဆိုက်ကယ်တွေ၊ လှေတွေနဲ့
ဖြတ်ကူးနေကြတယ်" ဟု ကျိုက်ထိုဘက်မှ ဆင်းလာပြီး ထိုကားတန်းတွင် ပိတ်မိနေသည့်
အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုတံတားပြုပြင်နေသည့်အတွက် ရန်ကုန်ဘက်မှ ကားများနှင့် ကျိုက်ထိုဘက်မှဆင်းလာသည့် ကားများ အ၀င်အထွက်မှန်နေကြောင်း သိရသည်။
7Day News Journal
ထိုတံတားပြုပြင်နေသည့်အတွက် ရန်ကုန်ဘက်မှ ကားများနှင့် ကျိုက်ထိုဘက်မှဆင်းလာသည့် ကားများ အ၀င်အထွက်မှန်နေကြောင်း သိရသည်။
7Day News Journal
0 comments:
Post a Comment