RangonNewsDaily:: September 15, 2013
၈၈မျိုးဆက်တို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင်နိုင်ငံတော်အဆင့် တာဝန်ရှိသူ
များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းေ ကာင်း၊
လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြလုပ်ခဲ့
သည်။
ယနေ့တွင်မူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၂၀၁၃ခု နှစ်၊ စက်တင်ဘာလ၊၁၄ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏
လယ်တောအိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များဖြစ်ကြသော မင်း
ကိုနိုင်၊ကိုကိုကြီး၊မင်းဇေ ယျ၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာ ကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မ င်းနှင့်မနီလာ
သိန်းတို့ရောက်ရှိလာခဲ့ကြသည်။
နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင်ရောက်နှင့်နေကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသညဦးစိုး
သိမ်း၊ဦးအောင်မင်း၊ဦးတ င်နိုင်သိန်း၊ဦးအုန်းမြင့်နှင့် ဦးခင်ရီတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိနရောက်ရှိလာသောအခါတွင် တစ်ဦးချင်းကို ရင်းနှီးဖော်ရွေစွာလိုက်လံနှုတ်
ဆက်သည်။ ဆွေးနွေးပွဲစတင်သောအခါတွင် ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်က အရင်နားထောင်ချင်
ပါတယ်ဟုဆိုသဖြင့် မင်းကိုနိုင်မှစ၍ ၈၈မျိုးဆက်တို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊ လက်ရှိရင်
ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆို
ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတကြီးကလည်းအစိုးရအဖွဲ့အနေဖြင့်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နီုင်ငံရေး၊စီးပွား
ရေး၊လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကိုပါ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့
အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် - အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း
ချမ်းရေးဖြစ်စဉ်များတွင် လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေး
အင်အားစုများ၊
အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး။
အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး။ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းအဆ င့်ဆင့်နှင့် အရပ်ဘက်အ
ဖွဲ့အစည်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ စရှိသည်
များကိုပူးပေါင်းဖြေရှင်းသွားရေး။ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘော
ထားကြီးကြီးဖြင့် ရင်ဆိုင်ဖြေရှင်းရေး။ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေဖို့ ဝိုင်း
ဝန်းကြိုးပမ်းရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
နေ့လည်၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက နေ့လည်စာဖြင့်တည်ခင်း
ဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည်ညနေ ၄း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြ
သည်။
(ဓါတ်ပုံ-ပေးပို့ ကူညီပါသောကိုမာကီနှင့်The 88 Generation Peace and Open Societyမှညီအစ်ကိုမောင်နှမ
များအားကျေးဇူးတင်ရှိပါသည်။)
The 88 Generation Peace and Open Society , RangonNewsDaily
kolatt (Pabedan)

လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ

သမ္မတ၏လယ်တောအိမ်သို့ ၈၈မျိုးဆက်ရောက်ရှိနိုင်ငံတော်သမ္မတနှင့်တွေ့ဆုံ |

0 comments:
Post a Comment