Pages

Pages - Menu

Sunday, September 15, 2013

၈၈မျိုးဆက် ကျောင်းသားများ နိုင်ငံတော်သမ္မတကြီးကို သမ္မတရဲ့ လယ်တောအိမ်တွင်တွေ့ဆုံဆွေးနွေး


RangonNewsDaily:: September 15, 2013
၈၈မျိုးဆက်တို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင်နိုင်ငံတော်အဆင့် တာဝန်ရှိသူ
များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းကောင်း၊
လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြလုပ်ခဲ့
သည်။ 

ယနေ့တွင်မူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
 
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊၁၄ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏
လယ်တောအိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များဖြစ်ကြသော မင်း
ကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မင်းနှင့်မနီလာ
သိန်းတို့ရောက်ရှိလာခဲ့ကြသည်။
 
 နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင်ရောက်နှင့်နေကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသညဦးစိုး
သိမ်း၊ဦးအောင်မင်း၊ဦးတင်နိုင်သိန်း၊ဦးအုန်းမြင့်နှင့်ဦးခင်ရီတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။
 
 နိုင်ငံတော်သမ္မတကြီးဦးသိန်းစိနရောက်ရှိလာသောအခါတွင် တစ်ဦးချင်းကို ရင်းနှီးဖော်ရွေစွာလိုက်လံနှုတ်
ဆက်သည်။ ဆွေးနွေးပွဲစတင်သောအခါတွင် ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်က အရင်နားထောင်ချင်
ပါတယ်ဟုဆိုသဖြင့် မင်းကိုနိုင်မှစ၍ ၈၈မျိုးဆက်တို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊ လက်ရှိရင်
ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆို
ဆွေးနွေးခဲ့ကြသည်။
 
 နိုင်ငံတော်သမ္မတကြီးကလည်းအစိုးရအဖွဲ့အနေဖြင့်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နီုင်ငံရေး၊စီးပွား
ရေး၊လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကိုပါ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့ 
အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် - အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း
ချမ်းရေးဖြစ်စဉ်များတွင် လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေး
အင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး။ 
 
အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး။ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့် အရပ်ဘက်အ
ဖွဲ့အစည်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ စရှိသည်
များကိုပူးပေါင်းဖြေရှင်းသွားရေး။ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘော
ထားကြီးကြီးဖြင့် ရင်ဆိုင်ဖြေရှင်းရေး။ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေဖို့ ဝိုင်း
ဝန်းကြိုးပမ်းရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
 
နေ့လည်၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက နေ့လည်စာဖြင့်တည်ခင်း
ဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည်ညနေ ၄း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြ
သည်။

(ဓါတ်ပုံ-ပေးပို့ ကူညီပါသောကိုမာကီနှင့်The 88 Generation Peace and Open Societyမှညီအစ်ကိုမောင်နှမ
များအားကျေးဇူးတင်ရှိပါသည်။)
 
The 88 Generation Peace and Open Society , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment