Pages

Sunday, September 15, 2013

"အထင်တော်လွဲလို့" (ဟာသ)

RangonNewsDaily:: September 15, 2013

ဘတ်စ်ကားတစ်စီးပေါ်မှာ ကောင်မလေးတစ်ယောက် မတ်တပ်ရပ်လျှက် စီးလာတယ်
ကားက ယိမ်းထိုးနေတော့ လဲမကျအောင် အပေါ်တန်းကို ကိုင်ထားရတယ်
ဖြစ်ချင်တော့ ကောင်မလေးက ဂျိုင်းပြတ်အင်္ကျီဝတ်လာတာ...
မရိတ်မသိမ်းပဲထားတော့ ဂျိုင်းက ကြည့်လို့မကောင်းဘူး ဖြစ်နေတယ် သူ့ဘေးက ခုံမှာ ထိုင်လျှက်စီးလာတဲ့ အမူးသမားတစ်ယောက်က သူ့ဂျိုင်းကို ကွက်ကြည့်ကွက်ကြည့် နဲ့
ခဏခဏကြည့်နေတော့ ကောင်မလေးလည်း မနေတတ်တော့ဘူး
လူက ခပ်စွာစွာဆိုတော့ အမူးသမားကို ရန်လုပ်တာပေါ့... ...

"ရှင် ရိုင်းလှချည်လား၊ လူကို မမြင်ဖူးဘူးလား"
"မင်းလေးလို ဘဲလေးကချေသည်တွေဆိုရင် ငါက သဘောကျလို့ ကြည့်တာပါကွ"
"ဘာတွေ လာပြောနေတာလဲ၊ ကျမ ဘာဘဲလေးမှ မက,ဘူး"

ဒီတော့ အမူးသမားက ပြန်ပြောတယ်... ...

"ဘဲလေးကချေသည် မဟုတ်ရင် ဘာလို့ မင်းခြေထောက်ကို ဒီလောက်အမြင့်ကြီး မြှောက်ထားနိုင်တာလဲ... ကဲ"

ဟာသဗိမာန်- ဆရာသန်::--RangonNewsDaily
kolatt (Pabedan):
 

0 comments:

Post a Comment