skip to main |
skip to sidebar
မအောင်မြင်သော စွန့်ဦးစီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်
9:11 PM
Kolatt
RangonNewsDaily:: September 15, 2013
အောင်မြင်သော စွန့်ဦး စီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်လိုပဲ
မအောင်မြင်တဲ့ စွန့်ဦးစီးပွား တီထွင်သူတို့မှာလည်း သူတို့ရဲ့  အမူအကျင့် ၅
ရပ်ရှိနေပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စာရေးဆရာ Stephen key က
သူ့အတွေ့အကြုံအတိုင်း ရေးသားခဲ့ပါတယ်။ မှတ်သား၊ သိမြင်စရာလေးတွေ ပါတာမို့
ဆီလျော် သလို ဘာသာပြန်မျှဝေ ပေးလိုက် ရပါတယ်။ - အလုပ်တစ်ခုစပြီ။ အခုအလုပ်မပြီးသေး
Task တစ်ခု ပြီးဖို့အရေး အချိန်အရမ်းယူတယ်။ သတ်သတ်မှတ်မှတ်လေးတော့ ရှိရမှာပေါ့။
- အသေးစိတ် လိုက်လုပ်နေမယ်
ငါပါမှရမယ်။ ငါလုပ်မှ ပြီးမယ်လို့ ထင်နေတဲ့ သူတွေလည်း မအောင်မြင်ပါဘူး။
ကိုယ့်ကိုယ်ကိုသာ ယုံကြည်လို့ အသေးစိတ် လိုက်ပြီး Manage လုပ်နေမယ်ဆိုရင်
အလုပ်လည်းမပြီးသလို အကောင်းဆုံး လည်း ဖြစ်မလာ ပါဘူး။
- မေးခွန်းမေးပေမယ့် အဖြေဂရုမစိုက်-
မေးခွန်းမေးပြီး အဖြေကို နားထောင်တယ်ဆိုတာ ယင်းအဖြေကနေ ကိုယ့်ကိုယ်ကို
သို့မဟုတ် ကိုယ့်ကုန်ပစ္စည်းကို ပြန်သုံးသပ်မယ်။ သူတို့ဆီက လေ့လာသင်ယူမယ်
ဆိုတဲ့ အချက် ၂ ချက်အတွက် ပိုအဓိက ထားရမှာဖြစ်ပါတယ်။
- ရှေ့ မတက်နိုင်သော အကြောင်းပြချက် ရှိနေ-
အကြောင်းပြချက်များ တစ်ခုပြီး တစ်ခုပေး လို့ ရှေ့ မတိုးနိုင်သေးတဲ့
သူဟာလည်း ကျရှုံးနေတဲ့ Entrepreneur တစ်ဦး ပါ။ နောက်ထပ် စိန်ခေါ်မှု
အသစ်တွေကို ဆက်ရင်မဆိုင်နိုင်သေးသရွေ့ ကတော့ မအောင်မြင်သေးတဲ့ Entrepreneur
တစ်ယောက်သာ ဖြစ်နေအုံးမှာ ဖြစ် ပါတယ်။
.အောင်ခမ်း ( TSJ Team ) , RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment