ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော
ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သေ
ခိုင်မာသောသမိုင်းကြောင်း
မ်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီ
အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။
ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီြး
http://
ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း
ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်း
ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက
ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။
ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တှောကလေးအိုင် (Kandawgalay Tank) လို့ ခှောပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခှောပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှောကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။
ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်
မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။
"ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခှောများကြသည်။"
"ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတှောလမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတှောများ ခြသေဿင့ရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။"
"ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။
၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။
ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတှောကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ "
"ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။
ကျောင်းတှောတိုက် ခှောသည်။
"၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။"
မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ
ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း
ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ကျွ
မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်
သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် "စူရတီဘရားဘဇားရ် ကုမ္ပဏီ
လီမိတက်"မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်
၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနော
ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကိုချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။
အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက်http://
ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီး
A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a "Mogul Mosque" was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the "Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the "Thaingee" on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the "Foken Chinese temple"on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between "Mg Taw Lay" and 31st Streets.
ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းမျာ
ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။
ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှ
သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို
ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိ
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ထို့နောက် စီမံကိန်းနှင့်
မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အာ
သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည
တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ
တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမ
ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။
အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေး
၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကိ
နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်
နိဂုံးချုပ်အနေနဲ့ပြောရရင်ြ
နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။
သို့သော်လည်းမိမိလူမျိုး၏အမျိုး၊ဘာသာ၊သာသနာချစ်စိတ်ကိုမဟုတ်၊မမှန်သော နည်းလမ်းဖြင့် မြင့်တက်
လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။
သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟော
ပြောပြီး နားမလည်တဲ့ပရိသတ်ကိုရမ်းရွှီးလိုက်ခြင်းမျိုးတော
လူမျာ
အတီး(ဝါးလုံးရှည်)
ကိုးကား
-Journal of the Burma Research Society (JBRS)http://
- B.R. PEARN ရေးသားသည့် History of Rangoon
-Megacity Yangon: Transformation Processes and Modern Developments
http://
RangonNewsDaily
kolatt (Pabedan): 1.8.2013
0 comments:
Post a Comment