Pages

Friday, August 2, 2013

ကိုယ်မသိတဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်လာသူဘယ်သူလဲ ရှာဖွေကြည့်ရအောင်...


ဒီနည်းက မြန်မာနိုင်ငံရဲ့ဖုန်းနဲ့ အဆင်ပြေ၊ မပြေ မသိရသေးပေမယ့် စမ်းသပ်သင့်တဲ့နည်းလမ်းမို့ အားလုံး
သိအောင် တင်ပေးလိုက်ပါတယ်.. Online နဲ့တွဲသုံးတဲ့ဖုန်းဆိုရင်တော့ ရကောင်းရနိုင်တဲ့ နည်းဖြစ်ပါတယ်.. ခုလေးပဲ ဖတ်ပြီး တင်ပေးလိုက်တာပါ..
ကျွန်တော် Online မှာ စမ်းတာကတော့ အဆင်မပြေသေးဘူးဗျ. ဘာလိုနေလဲမသိ.. ကဲ လုပ်နည်းလေး
 ပြောပြပါမယ်.. ကိုယ့်ဆီကို ဘယ်သူမှန်းမသိဘဲ ဖုန်းတစ်လုံး ဝင်လာတယ်ဆိုပါတော့.. အဲဒီဖုန်းကို မှတ်ထားပြီး-

PC နဲ့ Online မှာသုံးနေရင်
1. http://www.truecaller.com/ ကို သွားပါ.. Enter Phone Nunber ဆိုတဲ့အကွက်မှာ ဖုန်းနံပတ်ကို နိုင်ငံ ဧရိယာ
ကုဒ်နဲ့တွဲထည့်ပေးလိုက်ပါ.. ဥပမာ.. +95912345678 ပေါ့ဗျာ.. ပြီးရင် Enter ခေါက်လိုက်ပါ..



2. ခုရောက်လာတဲ့စာမျက်နှာမှာတော့ login ဝင်ပေးရမှာဖြစ်ပါတယ်.. ကိုယ်လုပ်ထားတဲ့ ID တစ်ခုခုနဲ့ login ဝင်လိုက်ပါ.. Twitter, Facebook, Google, Yahoo အကောင့်တွေထဲက တစ်ခုခုနဲ့ login ဝင်ပေးရမှာဖြစ်ပါတယ်.. အကောင်းဆုံးကတော့ Facebook ပါလို့. စာရေးသူက အကြံပေးထားပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Facebook က အသုံးအများဆုံးမို့လို့ဖြစ်ပါတယ်..


3. Login ဝင်ပြီးသွားပေမယ့် Facebook ထဲကိုရောက်သွားမှာမဟုတ်ပါဘူး.. http://www.truecaller.com/ ထဲကို
ပဲပြန်ရောက်သွားမှာဖြစ်ပြီး ဖုန်းနံပတ်ကို နောက်တစ်ခါ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင်တော့ ကိုယ်
သိချင်တဲ့သူရဲ့ တည်နေရာ၊ အချက်အလက်တွေကို သိနိုင်ပြီလို့ဆိုပါတယ်..ကျွန်တော်စမ်းနေတာခုထိတော့
 No Match Found ပဲ ပြနေပါသေးတယ်..

ဖုန်းနဲ့တိုက်ရိုက်သုံးမယ်..
1. ပထမဆုံးအောက်ကလင့်တွေမှာ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ Application တွေကို အရင် ဒေါင်းပြီး Install လုပ်လိုက်ပါအုံး..

2. ပြီးရင်တော့ App ကို Run လိုက်ပြီး ကိုယ့်နိုင်ငံဧရိယာကိုအရင် confirm လုပ်ရမှာဖြစ်ပါတယ်.. ပြီးရင်တော့ App ရဲ့ Main Screen မှာ ကိုယ်မသိတဲ့သူရဲ့ ဖုန်းနံပတ်ကိုရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီဖြစ်ပါတယ်..

မှတ်ချက်။ နည်းလမ်း ၂ ခုလုံး.. Internet Connectionရှိဖို့လိုအပ်မှာဖြစ်ပါတယ်..ဒီနည်းလမ်းကိုလူတိုင်းစမ်းသပ်
စေချင်ပါတယ်.. ဒါမှ ကိုယ့်ကို ဒုက္ခပေးမယ့် ဖုန်းသရဲတွေ၊ ခြိမ်းခြောက်သူတွေ၊ ဂုဏ်သိက္ခာကို စော်ကားနေ
သူတွေကို ဖေါ်ထုတ်နိုင်မှာဖြစ်ပါတယ်..

အဆင်ပြေကြပါစေ..

မောင်ပေါက် , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment