Monday, July 01, 2013
ယနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့) နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသည့် FIFA Confederations Cup 2013 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်က စပိန်အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်

ရ ဗိုလ်စွဲသွားသည်။
ဘရာဇီးလ်အတွက် အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် ဖရက်ဒ်ကလည်းကောင်း၊ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိ

နစ်တွင် နေမာကလည်းကောင်း သွင်းယူခဲ့ကာ
ပထမပိုင်းအပြီးတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ဘရာဇီးလ်အတွက် တတိယအနိုင်ဂိုးကို ဖရက်ဒ်ကပင် ထပ်မံသွင်းယူခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် စပိန်အသင်း နောက်ခံကစားသမား ဂျရတ်ပီကေးမှာ ပွဲကစားချိန် ၆၈ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဇွန်လ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Confederations Cup တတိယနေရာလုပွဲတွင် အီတလီက ဥ

ရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင်
သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ ၂ ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီးအချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက်
ဂိုးသွင်းယူနိုင်
ခြင်းမရှိဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
အချိန်ပို ပွဲကစားချိန် မိနစ် ၁၁၀ တွင် အီတလီ ကစားသမား မွန်တိုလီဗို အနီကတ်ဖြင့် ထုတ်ပယ်ခံရသ ည်။ ဆက်လက်၍ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ အီတလီက ၃-၂ ဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။
Planet Myanmar Network, RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:
Post a Comment