Monday, July 01, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၌ကားပျောက်ဆုံးပြန်တွေ့ဖြစ်စဉ်များ၊ ကားအားခိုးယူရပ်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၌ကားပျောက်ဆုံးပြန်တွေ့ဖြစ်စဉ်များ၊ ကားအားခိုးယူရပ်ထား
ပြီး ဆိုင်ကယ်သမားများအားတား၍ ကားပျက်သဖြင့် ၀ပ်ရှော့ဆရာ သွားခေါ်ရန်ဟု အကြောင်းပြကာ ခိုးယူ
လာသောကားအားထားခဲ့ပြီး ဆိုင်ကယ်အားထပ်မံခိုးယူသွားသောဖြစ်စဉ်များ နေ့စဉ်မကြာခဏဖြစ်ပွားနေ
ကြောင်းသတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့်တိုင်း/ခရိုင်အထူး အဖွဲ့များ၊ မြို့နယ်ရဲစခန်းများရှိ နယ်ထိန်း
တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းရယူဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်၌ ၂၁.၆.၂၀၁၃ရက်နေ့တွင်
ပျောက်ဆုံးသွားသော အ/----၊SE ရွှေအိုရောင် ယာဉ်အားပန်းလှိုင်တံတားမှ ကွမ်းခြံကုန်းဘက်သို့ မောင်းနှင်
ပျောက်ဆုံးသွားသော အ/----၊SE ရွှေအိုရောင် ယာဉ်အားပန်းလှိုင်တံတားမှ ကွမ်းခြံကုန်းဘက်သို့ မောင်းနှင်
သွားကြောင်း သတင်းရရှိသဖြင့်
တာမွေမြို့မရဲစခန်းနှင့်ကွမ်းခြံကုန်းမြို့မရဲစခန်းတို့မှတပ်ဖွဲ့ဝင်များချိတ်ဆက်ပူးပေါင်း၍
လိုက်လံဖမ်းဆီး ခဲ့
ရာ ၁၇၁၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊
ဒေးဒနောကျေးရွာတွင်ပျောက်ဆုံးသွားသော ယာဉ်အမှတ် အ/
--- နှင့် အတူ
ကားအားခိုးယူသွားသူကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း(ခ)ဂျလေ
ပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ်နေသူအားဖမ်းဆီးရမိ ခဲ့ပါသည်။
၎င်းအားစစ်ဆေးရာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမင်္ဂလာတောင်ညွန့်၊သာကေတ၊ သင်္ဃန်းကျွန်း၊တာမွေ၊
ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းပဲတန်း၊ လသာ၊သန်လျင်၊ ထန်းတပင်မြို့နယ်များမှ ကားအစီး(၂၀
)နှင့်သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တန်း၊ လှိုင်သာယာ၊ ထန်းတပင်မြို့နယ်များမှ
ဆိုင်ကယ်(၇)စီးတို့အား
ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်သက်ဆိုင်ရာမြို့မရဲစခန်းများတွင်အမှုဖွင့်အရေးယူဆောင်ရွက်ရန်စီစဉ်ထား
ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt(PBDN): 1.7.2013
Yangon Police , RangonNewsDaily
kolatt(PBDN): 1.7.2013
0 comments:
Post a Comment