ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ်
ကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးအား
လုယက်ခဲ့မှုတစ်ခု ဇူလိုင် ၆ရက် ည ၇ နာရီ အချိန်က အင်းစိန်မြို့နယ်တွင်
ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
လုယက်ခံရသူသည် အသက် ၃၇ နှစ်အရွယ် မအောင်ရွှေဆိုသူဖြစ်ပြီး သူမသည်
နေအိမ်အနီးရှိ အောက်မင်္ဂလာဒုံလမ်းမပေါ်မှ ပြည်တော်သာ ကားမှတ်တိုင်တွင်
ရန်ကုန်မြို့တွင်းဘက်သို့ သွားရန် တစ်ဦးတည်း ကားရပ်စောင့်နေစဉ်
လုယက်ခံရခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုအချိန်တွင် အသက် ၄၀ခန့် လူတစ်ဦးက အနားသို့ရောက်လာပြီး လည်ပင်းမှ ဆွဲကြိုးနှင့် ဆွဲသီးကို ရုတ်တရက် ဆွဲဖြုတ်ပြီးထွက်ပြေးခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
မအောင်ရွှေက အော်ဟစ်အကူအညီ တောင်းသဖြင့် လူသုံးဦးခန့် ထိုသူနောက်လိုက် ရှာသော်လည်း မတွေ့ခဲ့ပေ။ လုယက်သူ၏အမည်ကို မသိသော်လည်း အရပ်အမောင်းနှင့် သွင်ပြင်ကို ရဲစခန်း၌ ကာယကံရှင်က ထွက်ဆို ထားသည်။ လုယက်ခံရသည့် ဆွဲကြိုးသည် တစ်ကျပ်သား ကျော်ပြီး၊ ဆွဲသီးမှာလည်း စိန်ပွင့်  များပါသည်ဟုဆိုထားပြီး ပစ္စည်း နှစ်ခုပေါင်း၏ တန်ဖိုးမှာ စုစုပေါင်း ကျပ် ၁၃
သိန်းခန့်ရှိသည်ဟု ရဲကဆိုသည်။
ယခုကိစ္စကို အင်းစိန်ရဲစခန်း၌ အမှု အမှတ် (ပ)၇၃၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျှက်ရှိသည်။
မြစ်မခ , RangonNewsDaily
kolatt(PBDN): 8.7.2013

0 comments:
Post a Comment