Pages

Monday, July 8, 2013

မွန် နှင့် ကရင် နှစ်ပြည်နယ်ဆက်လမ်းပေါ်တွင် တံတားတစ်စင်းဆောက်မည်

ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ်
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ဆက်သွယ်သည့် မုဒုံ-မြဝတီလမ်းမပေါ်တွင် အတ္ထရံ မြစ်ကူးတံတားတစ်စင်း တည်ဆောက်မည် ဟု
မွန်ပြည်နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာမှူးကြီးက ပြောသည်။ တံတားတည်ဆောက်ခွင့်ကို သမ္မတရုံးက ခွင့်ပြုထားပြီဖြစ်ပြီး လက်ရှိတွင် တံတား ဒီဇိုင်းနှင့် အခြားအချက်အလက်များကို တွက်ချက်နေသည်ဟု ပြည်နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး ဦးမြင့်ဇော်က ပြောသည်။

တည်ဆောက်မည့်တံတားသည် အရှည် ပေ ၇၆၀ ကျော်ရှည်လျားပြီး (ချဉ်းကပ်လမ်းမပါ) ယာဉ်သွားလမ်းအကျယ်မှာ ၂၄ ပေ တည်ဆောက်ရန် လျာထားကြောင်း ဆောက်လုပ်ရေးဌာန၏ တရားဝင်စာရင်း ဇယားများတွင် တွေ့ရသည်။

အဆိုပါ တံတားတည်ဆောက်မည့် မုဒုံမြဝတီလမ်းသည် မွန်နှင့် ကရင် နှစ်ပြည်နယ် ဆက်သွယ်ယုံသာမက ယင်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ထိ သွားလာနိုင်သည့် လမ်းဖြစ်သည်။

ထိုင်းနယ်စပ်မှ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်နေသူ ဒေါ်စန္ဒာက “မုဒုံ-မြဝတီလမ်း လည်း အလွယ်တကူသွားလာနိုင်ဖို့ လုပ်နေပြီးဆိုတော့ နောက်ဆိုရင် နယ်စပ်ကို အချိန်တိုတိုနဲ့ သွားလာလို့ရပြီး ကျွန်မတို့ ကုန်သည်တွေ အတွက် ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်အစိုးရသည် ၎င်းတို့ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလွယ်တကူ သွားလာနိုင်ရေးအတွက် လမ်းတံတားများ တည်ဆောက်ရန် ကြိုးပမ်းနေသည်။
မြစ်မခ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၈.၇.၂၀၁၃

0 comments:

Post a Comment

 
world time