Monday, July 08, 2013
‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ
‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ
၏ နာမည်ကျော် ဦးလော်စစ်ဟန်မှာ ဇူလိုင်လ ၆ ရက်နေ့
(စနေနေ့) ည ၁၀ နာရီ မိနစ်၃၀အချိန်တွင်တာမွေ
မြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် များနှင့် ရင်းနှီးသူများက ပြော
ကြားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သော ဦးလော်စစ်ဟန် မှာ ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် နာ
မည်ကျော်ကြားခဲ့သောကွမ်းလုံ ရက်လေးဆယ်တိုက်ပွဲတွင်ကွန်မြူနစ် တပ်များကို မြန်မာအစိုးရ ဘက်မှ ဝင်
ရောက် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
ယင်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံးပုန်ကန်ခွဲထွက်ခဲ့သောဦးဖုန်ကျားရှင်ဦးဆောင်သည့်ကိုး
ယင်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံးပုန်ကန်ခွဲထွက်ခဲ့သောဦးဖုန်ကျားရှင်ဦးဆောင်သည့်ကိုး
ကန့် တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရရှိအောင်ကိုယ်စားလှယ်အဖြစ်
ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။
ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်တိုင်၁၉၇၃ ခုနှစ်တွင် တောခိုခဲ့ပြီးရှမ်းတိုင်း
ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်တိုင်၁၉၇၃ ခုနှစ်တွင် တောခိုခဲ့ပြီးရှမ်းတိုင်း
ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော SSA နှင့် ပူးပေါင်းခဲ့သူလည်း ဖြစ်သည်။
ဦးလော်စစ်ဟန်မှာ ၁၉၇၃ ခုနှစ်တွင် ထိုင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ ရပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်း ခံခဲ့ရ
ဦးလော်စစ်ဟန်မှာ ၁၉၇၃ ခုနှစ်တွင် ထိုင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ ရပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်း ခံခဲ့ရ
ကာ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့်တိုင်အောင်၁၉၈၀ ပြည့်နှစ်တွင်ထုတ်ပြန်ခဲ့သာအထွေ
ထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ယခင် တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူ
ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ယခင် တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူ
အောင် ဆောင်ရွက်ပေးခဲ့အပြီးတွင်ဦးလော်စစ်ဟန်၏သားဖြစ်သူဦးထွန်းမြင့်နိုင်မှာ အေးရှားဝေါလ် အမည်
ဖြင့်အကျိုးအမြတ် ကြီးမားသည့်ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်းလိုင်း
ပြေးဆွဲခြင်းနှင့်ဆောက်
လုပ်ရေးလုပ်ငန်းစီမံကိန်းကြီးများ စသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးများကိုလုပ်ကိုင်ခွင့်ရရှိခဲ့သူဖြစ်
သည်။
ကွယ်လွန်ချိန်တွင် သားသမီး ကိုးဦးနှင့် မြေး ၁၆ ဦး ကျန်ရစ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပနကို ယူနန် သု
ကွယ်လွန်ချိန်တွင် သားသမီး ကိုးဦးနှင့် မြေး ၁၆ ဦး ကျန်ရစ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပနကို ယူနန် သု
သာန်၌ ပြုလုပ်မည် ဖြစ်သည်။
The Voice Weekly , RangonNewsDaily
kolatt(PBDN): 8.7.2013
The Voice Weekly , RangonNewsDaily
kolatt(PBDN): 8.7.2013
0 comments:
Post a Comment