Monday, July 08, 2013
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ လျော့နည်းသွားရေး အတွက် ဗုဒ္ဓဘာသာပညာရှင်တွေနဲ့
အစ္စလာမ်ဘာသာ ပညာရှင်တွေ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့
မြန်မာ အစိုး ရက ကြိုဆိုလိုက်ကြောင်း တဟီရန် တိုင်းမ် (Tehran Times ) သတင်းစာက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့အီရန်နိုင်ငံခြားရေးဝန်ကြီး က မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့ တဲ့သောကြာနေ့က တွေ့ဆုံခဲ့ရာမှာ အဆိုပြုခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ရိုဟင်ဂျာတွေကြားက ပဋိပက္ခတွေ၊ ဒုက္ခ
သည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း၊ ပဋိ
ပက္ခတွေဖြေရှင်းရေးအတွက်ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်း ပြောကြား
ခဲ့ပါတယ်။
အီရန်အစိုးရအနေနဲ့လည်း ပြဿနာဖြေရှင်းရေးအတွက် မြန်မာအစိုးရကို အကူအညီပေးဖို့ အသင့်ရှိနေတဲ့
အပြင်၊ နှစ်ဘက်ဒုက္ခသည်တွေအားလုံးအတွက်လူသားချင်းစာနာရေးအကူအညီတွေပေးပ
နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
RFA , RangonNewsDaily
kolatt(PBDN): 8.7.2013
0 comments:
Post a Comment