၂၇-၇-၂၀၁၃
နံနက် ၇း၁၉ နာရီ။
မနေ့ညက တစ်ညလုံး ဒီပုံ(၃)ပုံတင်တာ ညသာ(၂)နာရီကျော်သွားတယ်။ တစ်ပုံဘဲ တင်လို့ ရလိုက်တယ်။
နံနက် ၇း၁၉ နာရီ။
မနေ့ညက တစ်ညလုံး ဒီပုံ(၃)ပုံတင်တာ ညသာ(၂)နာရီကျော်သွားတယ်။ တစ်ပုံဘဲ တင်လို့ ရလိုက်တယ်။
ဟော အခုမနက်တော့ စောစောက email တွေနဲ့ ဒီကနေ့ အတွက်
မိုးလေ၀သခန့်မှန်းချက်တွေပို့တော့ PPT ဖိုင်တစ်ခုက လုံးဝ ပို့လို့မရဘူး။ဟော အခုမနက်တော့ မင်္ဂလာချည့်ဘဲ။
fb လည်းဖွင့်လိုက်ရော မိတ်ဆွေတစ်ဦးက မုံရွာမှာ မိုးစရွာပါပြီတဲ့။
မိုးခေါင်နေတဲ့အညာ။ ဘာတတ်နိုင်သေး
လည်း။ (ဟဲ..ဟဲ.. စလေဖက်ကတော့
မရွာသေးဘူးတဲ့ဗျ။)
နောက်တစ်ခုကတော့ အခုမနက် မနေ့က လုံးဝ(လုံးဝ) တင်လို့မရတဲ့ ပုံ(၃)ပုံ တင်လိုက်တာ လျှောကနဲ.
နောက်တစ်ခုကတော့ အခုမနက် မနေ့က လုံးဝ(လုံးဝ) တင်လို့မရတဲ့ ပုံ(၃)ပုံ တင်လိုက်တာ လျှောကနဲ.
.လျှောကနဲဘဲ။ အံ့သြလွန်းလို့
သေတော့မယ်လို့သာ အော်လိုက်ချင်ပါတော့တယ်။(အမှန်တော့ ဒီစကားလုံး
ဟာ
ကျွန်တော်ငှါးသုံးလိုက်တာပါ။)ကဲဗျာ။ လိုရင်းဘဲပြောပါရစေ။
ပုံ(၁)။ ဇူလိုင်လအကုန်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေ သများနဲ့ အလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းမှု ပုံမှန်ထက်ပိုနိုင်ပြီး မိုးကောင်းပါလိမ့်ဦး မယ်။ မြစ်ဝကျွန်းပေါ်ဒေသအပါအ၀င် နေရာတော်တော်

များများမှာ ရေဖုံးလွှမ်းခံရနိုင်မှုအန္တရာယ်ဟာအလွန်မြင့်မားလာနိုင်တဲ့အနေအထား ကြုံတွေ့နိုင်တဲ့အတွက်
ကြိုတင်ပြင်ဆင်မှု နဲ့ ကာကွယ်မှုအရေးကြီးတဲ့ ကာလဖြစ်ပါတယ်။
ပုံ(၂)။ဇူလိုင်လ(၂၆)ရက်နံနက်(၉)နာရီခွဲအချိန်အထိရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက်ရွာသွန်း
ပုံ(၂)။ဇူလိုင်လ(၂၆)ရက်နံနက်(၉)နာရီခွဲအချိန်အထိရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက်ရွာသွန်း
ခဲ့တာကို နာဆာဂြိုဟ်တုများရဲ့ တိုင်းတာချက်အရ
သိရှိရပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း
၊ ရန်ကုန်တိုင်း၊
ပဲခူးတိုင်းတောင်ပိုင်း၊ တနင်္သာရီတိုင်းတို့မှာ ရေဖုံးလွှမ်းနှိုင်မှု
အလားအလာများ မြင့်မားလာ
နေတာကို တွေ့ရပါတယ်။
ပုံ(၃)။ ဇူလိုင်လ(၂၃)ရက်နေ့ကစပြီး တစ်နေ့ထက်တစ်နေ့မိုးရွာသွန်းမှု ပိုလာတာ ကို တွေ့ရပါတယ်။ (၂၄)
ပုံ(၃)။ ဇူလိုင်လ(၂၃)ရက်နေ့ကစပြီး တစ်နေ့ထက်တစ်နေ့မိုးရွာသွန်းမှု ပိုလာတာ ကို တွေ့ရပါတယ်။ (၂၄)
နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၂လက်မကျော်အထိ ရရှိတဲ့
ဒေသတွေ ရှိနေပါတယ်။
လောလောဆယ်မှာတော့ ဧရာဝတီတိုင်းအတွင်းက ပန်းတနော်၊ သာပေါင်း၊ ဒေးဒရဲ၊ ဟင်္သာတ၊ ဇလွန်၊ ရန်
လောလောဆယ်မှာတော့ ဧရာဝတီတိုင်းအတွင်းက ပန်းတနော်၊ သာပေါင်း၊ ဒေးဒရဲ၊ ဟင်္သာတ၊ ဇလွန်၊ ရန်
ကုန်တိုငးအတွင်းကကွမ်းခြံကုန်းနဲ့တနင်္သာရီတိုင်းပတွင်းက ရေးမြို့တို့မှာတော့
ရေတွေဝင်ကုန်ပြီလို့ ကြား
သိရပါတယ်။ င၀န်မြစ်ရေကလည်း
ငါးသိုင်းချောင်းမြို့မျာ စိုးရိမ်ရေအမှတ်ရဲ့အထက် ကို
ကျော်လွန်နေပြီဖြစ်
ပါတယ်။
ဒေါက်တာထွန်းလွင်
(ပုံတွေရှေ့နောက်အစီအစဉ်လွဲနေတာကိုတော့ ခွင့်လွှတ်ကြပါတော့ဗျာ။)
ဒေါက်တာထွန်းလွင်
(ပုံတွေရှေ့နောက်အစီအစဉ်လွဲနေတာကိုတော့ ခွင့်လွှတ်ကြပါတော့ဗျာ။)
RangonNewsDaily
kolatt (Pabedan): 27.7.2013
kolatt (Pabedan): 27.7.2013
0 comments:
Post a Comment