မန္တလေး၊ ဇူလိုင်၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်တွင်တည်ဆောက်မည့် မြို့သာစက်မှုဇုန်ဥယျာဉ်စီမံကိန်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ငါန်းဇွန်မြို့နယ်တွင်တည်ဆောက်မည့် မြို့သာစက်မှုဇုန်ဥယျာဉ်စီမံကိန်း
ဧရိယာ နယ်မြေအတွင်း ပါသည်ဟုဆိုသည့် ရာဇဝင်
တောရကျောင်းတွင် တည်ဆောက်နေသည့် သုမနရပ်
တော်မူဗုဒ္ဓရုပ်ပွားတော်ကို
မြို့နယ် မြေစာရင်းဌာနကဖျက်သိမ်းခိုင်းခဲ့ကြောင်းယင်းရပ်တော်မူ
ရုပ်ပွားတော်
ကို တည်ဆောက်နေသည့် ရာဇဝင်တောရ ဆရာတော် ဦးဝိလာသက မိန့်ကြားသည်။ "ဘုရားမြေကို စီမံကိန်းထဲပါတယ် ဆိုပြီး ငါန်းဇွန်မြေစာရင်းက ဖျက်ခိုင်းတာ" ဟု ဆရာတော်က မိန့်ကြား
သည်။
မြို့သာ စက်မှုဥယျာဉ်စီမံကိန်း မြေယာ လျော်ကြေးကိစ္စအပါအဝင် စီမံကိန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများကို မေးမြန်း သော်လည်း ယင်းကိစ္စကို မဖြေဆိုပေ။
မြင်းခြံခရိုင် ရာဇဝင်တောရကျောင်းကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းဆရာတော် ဦးဝိလာ

သသည် ဉာဏ်တော် အတောင် ၁၀၀ ရှိ ရပ်တော်မူရုပ်ပွားတော်ကို ၂၀၀၉-၂၀၁၀
ပြည့်နှစ်အတွင်းက စတင် တည်ထားလျက်ရှိရာ ယခုအခါ မျက်နှာတော်
အချောကိုင်သည့်အဆင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့
အထိ အုတ်အချပ်ရေ ၁၀
သိန်းခန့် အသုံးပြုထားပြီးပြီ ဖြစ်ကြောင်း၊ ရုပ်ပွားတော် တည်ထားရာတွင် ဒေသခံ
များ နှင့် အလှူရှင်များ၏ လုပ်အားဒါနဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ
နေ့စဉ်လုပ်အား အလှူရှင် ၅၀ ဦးမှ ၁၀၀ကျော်ရှိကြောင်း ရုပ်ပွားတော်
တည်ဆောက်ရေး လုပ်ငန်းခွင် ထံမှ သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် တံတားဦး-မြို့သာ-မြင်းခြံ ကားလမ်း ဘေး မြေဧက ၄၀ခန့် အကျယ်
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် တံတားဦး-မြို့သာ-မြင်းခြံ ကားလမ်း ဘေး မြေဧက ၄၀ခန့် အကျယ်
ရှိ ရာဇဝင် တောရကျောင်းတွင် တည်ထားလျက်ရှိသော သုမန
ရပ်တော်မူမြတ်စွာဘုရား အမြန်ပြီးစီးနိုင်ရေး အတွက် အလှူငွေများ
လှူဒါန်းနိုင်ကြောင်းလည်း အဆိုပါဆရာတော်ထံမှ သိရှိရသည်။
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013
0 comments:
Post a Comment