ဇွန် ၁၀ ရက်၊ ၂၀၁၃ ခုနှစ်။
မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ British Council နှင့် Yangon Film
School (YFS) တို့ပူးပေါင်းကာ ဇာတ်ညွှန်းရေး သားခြင်း အနုပညာသင်တန်းများ
အခမဲ့သင်ကြားပေးရန် အစီအစဉ် ရှိကြောင်း သိရှိရသည်။ "ရုပ်ရုင်လောက တစ်ခုလုံးတိုးတက်ဖို့အတွက်လုပ်ဆောင်နေကြတာပါ။
အခု ဇာတ်ညွှန်းအတွက် သင်တန်း ပေးသွားမှာဖြစ်တယ်။ နောက်ပိုင်းမှာလည်း
အခြားအပိုင်းအတွေအတွက်လည်း ဆက်လက် သင်တန်းတွေပေး မှာဖြစ် တယ်"ဟု
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ပြန်ကြားရေးဌာနမှ ဦးဆုသြချယ် က
ပြောသည်။
အဆိုပါ သင်တန်းမှာ အချိန်
(၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ရက်နေ့မှ စတင်၍ ပြည်ပမှ
သင်တန်းဆရာများဖြင့် သင်ကြားပေး သွားမည်ဖြစ်ကာ လက်ရှိရေးသားနေသည့်
အတွေ့အကြုံရှိပြီးသူများအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန်၎င်းသင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
သင်တန်းလျှောက်လွှာကို ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်း၊ ခြံအမှတ် (၁၆) ရှိ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လက်ရှိ ဇာတ်ညွှန်းရေးသားနေသည့်
စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
လျှောက်ထားသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ မိမိကိုယ်တိုင် ဖန်တီးထား သည့်
ဇာတ်ညွှန်းအား DVD သို့မဟုတ် VCD၊ ဇာတ်ညွှန်းအား စာပေလက် ရာဖြင့် ဖော်ပြပါက
ဝတ္တုတို၊ ကဗျာတို့ဖြင့် ပူးတွဲလျှောက်ထားရ မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းအတွက် လျှောက်ထားသူများထဲမှ ၁၅ ဦးသာရွေး ချယ်မည်ဖြစ်ပြီး
သင်တန်းလျှောက် လွှာကို ဇူလိုင် (၁၅)ရက်နေ့ နောက် ဆုံးထား၍
ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၇၈)ရှိ ဗြိတိသျှကောင်စီသို့
ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
ဇော်မျိုးဦး (မြစ်မခ), RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃
အဆိုပါ သင်တန်းမှာ အချိန် (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ရက်နေ့မှ စတင်၍ ပြည်ပမှ သင်တန်းဆရာများဖြင့် သင်ကြားပေး သွားမည်ဖြစ်ကာ လက်ရှိရေးသားနေသည့် အတွေ့အကြုံရှိပြီးသူများအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်
သင်တန်းလျှောက်လွှာကို ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်း၊ ခြံအမှတ် (၁၆) ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လက်ရှိ ဇာတ်ညွှန်းရေးသားနေသည့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
လျှောက်ထားသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ မိမိကိုယ်တိုင် ဖန်တီးထား သည့် ဇာတ်ညွှန်းအား DVD သို့မဟုတ် VCD၊ ဇာတ်ညွှန်းအား စာပေလက် ရာဖြင့် ဖော်ပြပါက ၀တ္တုတို၊ ကဗျာတို့ဖြင့် ပူးတွဲလျှောက်ထားရ မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းအတွက် လျှောက်ထားသူများထဲမှ ၁၅ ဦးသာရွေး ချယ်မည်ဖြစ်ပြီး သင်တန်းလျှောက်
0 comments:
Post a Comment