skip to main |
skip to sidebar
ဇွန်လ ၈ရက်နေ့က ရာဇာမင်း ခရီးသည်တင်ယာဉ် ဓာပြတိုက်ခံရမှုတွင် လူနှစ်ဦးသေဆုံးခဲ့ရ
8:01 AM
Kolatt
Monday, 10 June 2013
မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင်
မှန်လုံဖူဆို လေအိတ်ကားသည် မော်လမြိုင်မြို့မှ ည ၇နာရီတွင် ရန်ကုန်သို့
ဆက်လက်ထွက်ခွာရာ သံလွင်တံတားအကျော် မုတ္တမမှ တက်ရောက်သည့် ခရီးသည် ငါးဦးက
တောင်စွန်းအထွက် ရထားလမ်း အဖြတ်၌ ပါရှိလာသော လက်နက်တို့ဖြင့်
ခြိမ်းခြောက်ပစ်ခတ်ကာ ခရီးသည်များထံမှ လက်ဝတ်တန်ဆာ၊ ငွေများ၊
လက်ကိုင်ဖုန်းများ ယူဆောင်ပြီး ကားကိုရပ်ခိုင်း၍ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်တို့ကို ခေါ်ဆင်းကာ ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊
အဆိုပါယာဉ်ဖြင့် လိုက်ပါဓားပြ တိုက်ခံရသည့် သံဖြူဇရပ် မြို့နယ်နေ ခရီးသည်
တစ်ဦးက ဇွန် ၉ ရက်နေ့တွင် ပြောကြားသည်။
"ကားက သံဖြူဇရပ်ကနေ ဇွန် ၈ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ထွက်ပါတယ်၊
မော်လမြိုင်ကို ည ၇ နာရီ မထိုးခင် ရောက်ပါတယ်၊ မော်လမြိုင်ဂိတ်က
လူတက်ဆင်းပြီး
ည (၇) နာရီ စထွက်ပါတယ်၊ သံလွင်တံတားကျော် မုတ္တမရောက်တော့
ခရီးသည် ယောက်ျား (၅၊ ၆) ဦးလားမသိ တက်ပါတယ်၊ ကားက တီဗီလည်း မဖွင့်၊
မှောင်နေတော့ အားလုံးပဲမှေးပြီး လိုက်လာတယ်၊ တစ်နာရီလောက်ကြာတော့
မျက်နှာဖုံးစွပ်၊ ဂျာကင်ဝတ် လူငါးယောက် သေနတ်တွေထုတ်ပြီး ပစ်တာ၊
ခြေထောက်တောင် လျပ်သွားပါတယ်၊ ဖုံး၊ ရွှေတွေငွေတွေ တောင်းပြီး
မှောက်နေရပါတယ်၊ အဲဒီအချိန် မိုးကလည်း ရွာကောင်းပါတယ်၊ တောင်စွန်း
ရထားလမ်းနား၊ သထုံမြို့နယ် ထဲမှာပါ၊ မကြာဘူး ဒါရိုင်ဘာ၊ စပါယ်ယာရာတို့ကို
ခေါ်ဆင်းပြီး အားလုံးကို ကားပေါ်ကနေ ဆင်းခိုင်းပါတယ်၊ ပစ်ခတ်သံ ကြားရပါတယ်၊
ကျွန်မတို့လည်း ကြောက်ပြီးဝပ်နေပါတယ်၊ သူတို့အားလုံး ထွက်သွားတော့မှ
ကြည့်လိုက်တော့ တစ်ယောက်က အသက်မရှိ တော့ပါဘူး၊ တစ်ယောက်က ညည်းသံကြားနေ
ရပါတယ်၊ ကျွန်မကဖုန်းကို မိန်းမကိုယ်ကြားမှာ ၀ှက်ထားလို့ ပါမသွားပါဘူး၊
လာတဲ့ကားတွေကို တားပါတယ်၊ တစ်စီး မရပ်ဘူး၊ နောက်တစ်စီး ရွှေစင်စင်္ကြာနဲ့
ရန်ကုန်ကို ပါလာပါတယ်၊ လမ်းထမင်းဆိုင်ကနေ ရာဇာမင်း ကားဂိတ်ကို
အကြောင်းကြားပါတယ်၊ ဆွဲကြိုးပါသွားပါတယ်" ဟု ဓားပြတိုက်ခံရသူ တစ်ဦးက
ပြောပါသည်။
"ကားနံပါတ်က ၈/ဇ ၁၁၁၁၊ ဖူဆိုလေအိတ်ကား ဖြစ်ပါတယ်၊
ဒရိုင်ဘာ၊ စပယ်ယာ နှစ်ဦးသေသွားပါတယ်၊ အရင်က ယခုလို
ဓားပြတိုက်ခံရခြင်းမျိုး မရှိပါ" ဟု မော်လမြိုင် ရာဇာမင်းကားဂိတ်
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အနေဖြင့်လည်း တရားခံ ဖမ်းဆည်းရမိ နိုင်ရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
Eleven Media Group , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း)၊ ၁၀.၆.၂၀၁၃
world time
0 comments:
Post a Comment