Monday, June 10, 2013
ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ်
ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ်
UB-309၊ လေယာဉ်အမှတ် XY-AIP၊လေယာဉ်အမျိုးအစား MA-60 လေယာဉ်သည် Capt.မောင်မောင်လွင်
ပါလေယာဉ်အမှုထမ်း(၄)ဦး လိုက်ပါမောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန်မော်လမြိုင်မှခရီးသည်
(၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက်
ထွက်ခွာလာခဲ့သည်။ ၁၃၀၅ အချိန် ကော့သောင်းသို့ရောက်ရှိပြီး ကော့သောင်းလေဆိပ်သို့မြောက်မှတောင်ဘက်လေယာဉ်ပြေး
လမ်းအတိုင်းဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏အနောက်ဘက် ပေ ၂၀၀ ခန့်
အကွာရှိ ခြုံပုတ်အတွင်းသို့ ရောက်ရှိခဲ့သည်။
လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည်များနှင့်လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာ
လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည်များနှင့်လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာ
ရရှိမှုမရှိကြောင်း၊လေယာဉ်၏ဘယ်ဘက်တောင်ပံအင်ဂျင်မှမီးခိုးများထွက်လာ၍ လေယာဉ်ပေါ်တွင်ပါရှိသည့်
မီးသတ်ဆေးဗူးများဖြင့်ငြှိမ်းသတ်ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိပန်ကာ(၂)လုံး၏ဒလက်များ
ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ရဲဇာနည် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃
ရဲဇာနည် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃
0 comments:
Post a Comment