Friday, May 03, 2013
အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ လေဆိပ်တစ်ခုတွင် လူတစ်ဦးသည်သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ပြီးနောက်
လုံခြုံရေး အေးဂျင့်တစ်ဦးရှေ့တွင်ပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရှိရသည်။ လက်မှတ်ဝယ်ယူသည့် ဧရိယာ အတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်သည့်လူတစ်ဦးသည်ဥပဒေဘက်တော်သား
အရာရှိ တစ်ဦးနှင့် စကားပြောနေရင်း မိမိကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်သည်။
ယင်းရုတ်ရုတ်သည်းသည်းအခြေအနေကြောင့်လူပေါင်းများစွာတို့သည်လေဆိပ်ဥမင်မှ ကြောက်လန့်တကြား
အော်ဟစ် ထွက်ပြေးခဲ့ကြသည်။ ကြာသပတေးနေ့က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲများက စုံစမ်းနေဆဲဖြစ်ကာ
သေဆုံးသွားသော အကြမ်းဖက်မှု သံသယ တရားခံသည် အသက်(၃၀)အရွယ် ကာနဲလ်မောရ်ဆိုသူ ဖြစ်
ကြောင်း CBS သတင်းဌာနက အတည်ပြုဖော်ပြခဲ့သည်။
Planet Myanmar Network , Rangonnewsdaily
RND: :3.5.2013

0 comments:
Post a Comment