Pages

Friday, May 3, 2013

ရန်ကုန်မြို့တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ရန် ရေပမာဏ ၁၃ ရက်စာသာ ကျန်ရှိ

Friday, May 03, 2013

လျှပ်စစ်မီး ပြတ်တောက်မှု များ ပိုမိုကြုံတွေ့လာရသော ရန်ကုန် မြို့တော်တွင် မေလအတွင်း လျှပ်စစ်မီး ပေးရန် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏသည် ၁၃ ရက်စာသာ ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က ပြောကြားသည်။ ရာသီဥတုပူပြင်းကာ ရေနည်း ပါးလာမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည့် ရဲရွာဓာတ်အား ပေးစက်ရုံနှင့် ပေါင်းလောင်းဓာတ်အား ပေးစက်ရုံတို့တွင် စက်လည်ပတ်ရန် အခက်အခဲများ ရှိလာနိုင်ကြောင်း ၄င်းကဆိုသည်။
"မေလထဲမှာ လျှပ်စစ်မီး အချိန်ပြည့် ရနိုင်၊ မရနိုင်ကိုတော့ ပြည်သူတွေကို တစ်ပတ်အတွင်း ကြေညာပေးမယ်" ဟု ၄င်းကဆို သည်။

မေလအတွင်း ရန်ကုန် မြို့တော်ကို မီးပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲပြီး ဝန်ကြီးရုံး သို့ တင်ပြသွားမည်ဟု ဆိုသကဲ့သို့ အစိုးရစက်ရုံ၊ အလုပ်ရုံများကို သုံးစွဲမှုလျှော့ချစေပြီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်များဖြင့် အတတ်နိုင်ဆုံး မီးပေးနိုင် ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်သော ရွှေလီ ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီးဖြစ်၍ ရရှိသော လျှပ်စစ် ဓာတ်အားများ ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း ၄င်းက ဆိုသော်လည်း အတိအကျကိုမူ ပြောကြား ခြင်းမရှိပေ။

ဧပြီ ၂၃ ရက်မှ ဧပြီလကုန် အထိ မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်ပေးနေသော ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံပြုပြင်မှုများ ပြုလုပ်နေသောကြောင့် လျှပ်စစ်ပေးဝေမှုကို
လျှော့ချမည်ဖြစ်သဖြင့်
ရန်ကုန်မြို့တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် မီးပြတ်တောက်မှုများ ရှိမည် ဖြစ်သော်လည်း ပြုပြင်မှု အပြီးသတ်မည့် ဧပြီလကုန် ထိသာ လျှပ်စစ်မီးပြတ်တောက် မည်ဖြစ်ကြောင်း ဦးထွန်းကြွယ်က မီဒီယာ အချို့သို့ ပြောကြားထားသည်။

The Voice Weekly , Rangonnewsdaily
RND:  :3.5.2013

0 comments:

Post a Comment

 
world time