Pages

Friday, May 3, 2013

ချယ်ရီသီး ၏ အာနိသင်

ချယ်ရီသီး ၏ အာနိသင်
==============

May 3, 2013
ချယ်ရီသီးများ (Cherries)
ချယ်ရီသီးမှာ ရောဂါ အများအပြားကို ပျောက်စေနိုင်တဲ့ စူပါအာနိသင်ရှိပါတယ်။ ရောင်ရမ်းနာနဲ့ ကင်ဆာကိုနှိမ်နင်းနိုင်တဲ့အစွမ်းရှိတယ်။ ချယ်ရီသီးမှာပါတဲ့ကွာဆဲတင်(Quercetin) နှင့် ဓာတ်မတည့်အက်စစ် (Ellagic Acid) အဖုအကျိတ်ကို ထိန်းချုပ်နိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေ သူ့ဘာသူ သတ်သေအောင် ဖန်တီးပေးတယ်။ အဲဒီလို ဖန်တီးရာမှာလည်း
ကျန်းမာနေတဲ့ ဆဲလ်တွေကို မဖျက်ဆီးဘူး။ အဲဒီအသီးမှာ ဗိုင်းရပ်နဲ့ ဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်း ရှိတယ်။
ချယ်ရီသီးမှာပါတဲ့ အန်သိုစီယာနင်ဓာတ်ရော (Anthocianin) ဟာ သွေးထဲရှိယူရစ်အက်စစ်ကို လျှော့ချနိုင်တဲ့အတွက်ဂေါက်ရောဂါ(Gout) ကို ကာကွယ်ကုသနိုင်တယ်။ အဲဒီ ဓာတ်ရောကြောင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်တယ်။
ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့အပြင် ပုံမှန်မှီဝဲရင် နှလုံးတိုက်ခိုက်မှု (HeartAttack) နဲ့ လေသင်တုန်း(Stroke) ဖြစ်မှု
ကို လျှော့ချနိုင်တယ်။တရုတ်ဆေးပညာမှာတော့ ဂေါက်ရောဂါ၊အဆစ်ရောင်ရမ်းနာ၊အရိုးရောဂါများနဲ့ သွေးအားနည်းရောဂါများအတွက်
ကုထုံးအဖြစ် အသုံးပြုတယ်။ ချယ်ရီသီးဟာ ရောဂါကြီးတွေ ကာကွယ်ကုသနိုင်တဲ့အပြင် အရသာရှိတဲ့ ဓာတ်စာလည်း
ဖြစ်တယ်။
မှီဝဲရမယ့် ပမာဏ-ဒေသရာသီအလိုက် ချယ်ရီသီးပေါ်ချိန်မှာ နေ့စဉ်မှီဝဲပါ။ကျန်တဲ့ရာသီချိန်တွေမှာ စားသုံးဖို့ ချယ်ရီ
သီးအိတ်တစ်လုံးကို ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ရာနှုန်းပြည့် အာဟာရတန်ဖိုး မပျက်တဲ့အပြင် ဖျော်ရည်၊ ဒိန်ချဉ်နဲ့
အုတ်ဂျုံဘီစကွတ်နဲ့ဆိုရင် အလွန်လိုက်ဖက်ပါတယ်။
• မှတ်သားစရာအချက်ကလေးများ
ပိုးသတ်ဆေးလွတ် ချယ်ရီသီးဝယ်နိုင်ရင် ပိုကောင်းတယ်။ များသောအားဖြင့် ချယ်ရီသီးတွေဟာ ပိုးသတ်ဆေးအ
များကြီးသုံးထားတဲ့အတွက် စင်အောင်ဆေးဖို့ မမေ့ပါနဲ့။

credit: သဘာဝရဲ့အားအင်

ZinYawNews

May 3, 2013
ချယ်ရီသီးများ (Cherries) ချယ်ရီသီးမှာ ရောဂါ အများအပြားကို ပျောက်စေနိုင်တဲ့ စူပါအာနိသင်ရှိပါတယ်။
ရောင်ရမ်းနာနဲ့ ကင်ဆာကိုနှိမ်နင်းနိုင်တဲ့အစွမ်းရှိတယ်။ ချယ်ရီသီးမှာပါတဲ့ကွာဆဲတင်(Quercetin) နှင့် ဓာတ်
မတည့်အက်စစ် (Ellagic Acid)အဖုအကျိတ်ကိုထိန်းချုပ်နိုင်တဲ့အပြင် ကင်ဆာဆဲလ်တွေ သူ့ဘာသူ သတ်သေ
အောင် ဖန်တီးပေးတယ်။
အဲဒီလိုဖန်တီးရာမှာလည်းကျန်းမာနေတဲ့ ဆဲလ်တွေကိုမဖျက်ဆီးဘူး။အဲဒီအသီးမှာ ဗိုင်းရပ်နဲ့ ဘက်တီးရီးယား
နှိမ်နင်းနိုင်တဲ့အစွမ်း ရှိတယ်။

ချယ်ရီသီးမှာပါတဲ့ အန်သိုစီယာနင်ဓာတ်ရော (Anthocianin) ဟာ သွေးထဲရှိယူရစ်အက်စစ်ကို လျှော့ချနိုင်တဲ့

အတွက်ဂေါက်ရောဂါ(Gout) ကို ကာကွယ်ကုသနိုင်တယ်။ အဲဒီ ဓာတ်ရောကြောင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်တယ်။ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့အပြင် ပုံမှန်မှီ
ဝဲရင် နှလုံးတိုက်ခိုက်မှု (HeartAttack) နဲ့ လေသင်တုန်း(Stroke) ဖြစ်မှုကို လျှော့ချနိုင်တယ်။

တရုတ်ဆေးပညာမှာတော့ ဂေါက်ရောဂါ၊အဆစ်ရောင်ရမ်းနာ၊အရိုးရောဂါများနဲ့ သွေးအားနည်းရောဂါများ
အတွက်ကုထုံးအဖြစ် အသုံးပြုတယ်။ ချယ်ရီသီးဟာ ရောဂါကြီးတွေ ကာကွယ်ကုသနိုင်တဲ့အပြင် အရသာရှိ
တဲ့ ဓာတ်စာလည်းဖြစ်တယ်။

မှီဝဲရမယ့် ပမာဏ-ဒေသရာသီအလိုက် ချယ်ရီသီးပေါ်ချိန်မှာ နေ့စဉ်မှီဝဲပါ။ကျန်တဲ့ရာသီချိန်တွေမှာ စားသုံးဖို့ ချယ်ရီသီးအိတ်တစ်လုံးကို ရေခဲသေတ္တာထဲမှာထည့်ထားပါ။ ရာနှုန်းပြည့် အာဟာရတန်ဖိုး မပျက်တဲ့အပြင်

ဖျော်ရည်၊ ဒိန်ချဉ်နဲ့အုတ်ဂျုံဘီစကွတ်နဲ့ဆိုရင် အလွန်လိုက်ဖက်ပါတယ်။

• မှတ်သားစရာအချက်ကလေးများ
ပိုးသတ်ဆေးလွတ် ချယ်ရီသီးဝယ်နိုင်ရင် ပိုကောင်းတယ်။ များသောအားဖြင့် ချယ်ရီသီးတွေဟာ ပိုးသတ်

ဆေးအများကြီးသုံးထားတဲ့အတွက် စင်အောင်ဆေးဖို့ မမေ့ပါနဲ့။


ZinYawNews , Rangonnewsdaily
RND:  :3.5.2013

0 comments:

Post a Comment