မေလ(၂)ရက် ၂၀၁၃ ခုနှစ်။
ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
(ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား
(၅)ကြိမ်မြောက် ရုံးထုတ်မှုအဖြစ် မေလ(၂)ရက်နေ့ နံနက်(၁၁)နာရီက
အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယနေ့ရုံးထုတ်ရာတွင်
တရားလိုပြ သက်သေခေါ်စစ်မည်ဟု ဆိုသော်လည်း သက်သေမှာ ရောက်ရှိလာခြင်း
မရှိသောကြောင့် ရုံးထုတ်ကာ မေလ(၁၆)ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်ဟု
သိရှိရသည်။ ကိုရဲမင်းဦးမှာ
ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတားတရားရုံးနှင့် ဗဟန်းတရားရုံးများမှ
တရားစွဲဆိုထားပြီး သာကေတတရားရုံးမှ ပုဒ်မ ၁၅၃ (က) ဖြင့်
တရားစွဲဆိုခြင်းခံထားရသူဖြစ်သည်။
“ဒီမိုကရေစီကိုသွားတဲ့ တခြားတိုင်ပြည်တွေမှာ ဒီလိုပုံစံနဲ့
ရာဇ၀တ်မှုတွေကိုပဲ ရုံးထုတ်တာတွေ့ဘူးတယ်။ ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေးသမားတွေ ရုံးပြန်ထွက်တာတော့ မရှိဘူး။ ဒီ ဒီမိုကရေစီကို
အကဲခတ်ရတာ တော်တော် ခက်နေတယ်။
“ဒီမိုကရေစီကိုသွားတဲ့ တခြားတိုင်ပြည်တွေမှာ ဒီလိုပုံစံနဲ့ ရာဇ၀တ်မှုတွေကိုပဲ ရုံးထုတ်တာတွေ့ဘူးတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးသမားတွေ ရုံးပြန်ထွက်တာတော့ မရှိဘူး။ ဒီ ဒီမိုကရေစီကို အကဲခတ်ရတာ တော်တော် ခက်နေတယ်။
အာမခံကတော့ ပေးမှာမဟုတ်ဘူး။ သူတို့က
ခိုင်းတဲ့အတိုင်း လုပ်ရတာဆိုတော့ လေ” ဟု ကိုရဲမင်းဦးက ပြောသည်။
အဆိုပါ ရုံးထုတ်စဉ်တွင် ကိုရဲမင်းဦး၏ ရှေ့နေများမှ အာမခံတင်သော်လည်း
တရားသူကြီးမှ အာမခံမပေး ခဲ့ကြောင်းကိုလည်း ရှေ့နေများထံမှ သိရှိရသည်။
“အာမခံကို ပယ်လိုက်တယ်။ အာမခံပေးလို့မရတဲ့ ပုဒ်မတွေဖြစ်နေတယ်။ နောက် ရဲမင်းဦးက ရခိုင်မှာ နေထိုင်တဲ့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေပါတာပေါ့ဗျာ။ ပယ်ချလိုက်တယ်ပေါ့”ဟု ကိုရဲမင်းဦး၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးကပြောသည်။
ပုဒ်မ ၅၀၅ (ခ)မှာ အာမခံပေးခဲ့သည့် အမှုများလည်းရှိကြောင်း တင်လျှောက်ခွင့်ရှိသလို တရားသူကြီးမှလည်း ငြင်းပယ်ပိုင်ခွင့်ရှိကြောင်းကိုလည်း သိရှိရသည်။
“၅၀၅ (ခ)ကို အာမခံပေးထားတဲ့ အမှုတွေရှိတယ်။
“၅၀၅ (ခ)ကို အာမခံပေးထားတဲ့ အမှုတွေရှိတယ်။
0 comments:
Post a Comment