Pages

Saturday, May 25, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သို့ရောက်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစွာတွေ့ဆုံမည်

Saturday, 25 May 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးသည် မေ ၂၄ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်

ရှိလာခဲ့သည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်နှင့်ဇနီး၊ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်
ကြီး ဦးခင်မောင်တင့်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ
သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးသည် 

 မေ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သည် ယနေ့(မေ ၂၅ ရက်)တွင် အာဇာနည်ဗိမာန်၊ ဂျပန်သင်္ချိုင်းနှင့် သီလ၀ါဆိပ်ကမ်းများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်သည် ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီတွင် အာ

ဇာနည်ဗိမာန်သို့ စတင်သွားရောက်မည်ဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ဟံသာဝတီအ၀ိုင်းအနီးရှိဓနသဟာယစစ်သင်္ချိုင်းသို့ သွားရောက်

ကာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များအား သွားရောက်ဂုဏ်ပြုမည် ဖြစ်သည်။

တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုး

ရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကို
လည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြား...

ဆက်လက်၍ သန်လျင်မြို့နယ်ရှိဂျပန်နိုင်ငံမှ ပေးအပ်သည့် အတိုးနှုန်းနိမ့် နှစ်ရှည်ချေးငွေ (ODA) ဖြင့် တည်

ဆောက်နေသော သီလ၀ါ စက်မှုဆိပ်ကမ်းသို့ သွားရောက်လေ့လာမည် ဖြစ်သည်။

ထို့နောက် ဆိပ်ကမ်းမှ အပြန်တွင် ဂျပန်ဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း

သို့ ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဂျပန်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း ပထမဆုံး တွေ့ဆုံမှုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတည်းခိုသည့် ဟိုတယ်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရ
သည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ''ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံတာက သာမန်ပါပဲ။ သမိုင်းကြောင်းအရ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လူမျိုးတွေနဲ့ နားလည်မှု ရှိနေပါတယ်။ ရှင်ဇိုအာဘေးဟာလည်း မြန်မာ့ဒီမို
ကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံခဲ့တာပါ။

 ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတုန်းကလည်း ပြောခဲ့တာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကူအညီပေးဖို့။ အဲဒါကို အခုတွေ့ရင် ဆက်ပြီး တိုက်တွန်းနိုင်တာပေါ့။ နောက်ပြီး ကျွန်တော်ကြားနေတာ
က ဂျပန်ဘက်ကနေ ဒေါ်လာသန်းတစ်ထောင်လောက် အကူအညီ ပေးမယ်လို့ ကြားနေရတယ်။ ဒါကို ဘယ်
သူကမှ မကန့်ကွက်ရင် ရှောရှောရှူရှူ ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် အကြွေးတွေ ဘာတွေ ကျေသွားမယ် ဆို
ရင်လည်း ကောင်းတာပါပဲ။

နောက်ထပ်တစ်ခုက ပြည်သူလူထုလက်ထဲ၊ တိုင်းရင်းသားတွေ လက်ထဲကိုရောက်မယ့် အကူအညီတွေ
လည်း ပေးမယ်လို့ ပြောတယ်။ အဲဒါကလည်း ကောင်းပါတယ်။ ခေတ်အဆက်ဆက် အကူအညီတွေကို အစိုး
ရကိုပဲပေးတော့ ပြည်သူတွေလက်ထဲ မရောက်ခဲ့ဘူး။ အခု လို ပြည်သူတွေဆီကို အကူအညီတွေတိုက် ရိုက်
ပေးမယ်ဆိုတာကို ကျွန်တော် သဘောကျပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့
ဆုံကြတာ ကောင်းပါတယ်'' ဟု ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သုံးရက်ကြာမြင့်မည် ဖြစ်ကာ ရန်ကုန်မြို့၌ နှစ်ညသာ နေထိုင်မည်ဖြစ်ပြီး

မေ ၂၆ ရက်တွင် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားရန် ရှိနေ
သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်

လက်ဖြစ်ထွန်းရေးကို ဂျပန်နိုင်ငံက ကူညီသွားမည့် အကြောင်းတို့ကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေ
သည်။

ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါလာမည်ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။

ထို့ပြင်ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်

ပေးခြင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်များကိုလည်း
ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုး

ရး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကို
လည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြားထားသည်။

သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အ

တွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီး ရန်ကုန်အပြည်ပြည်ဆိုင်
ရာလေ

ိပ်မှ တည်းခိုမည့် ဟိုတယ်သို့ သွားရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

Eleven Media Group , Rangonnewsdaily
RND:  :25.5.2013

0 comments:

Post a Comment