Android OS သည် version အဆင့်ဆင့်မြှင့်တင်လာခဲ့ရာ Version 2.3 မှ 4.0 သို့အတက်တွင် ထူးခြားမှုများစွာ
ရှိခဲ့သော်လည်း4.0 နောက်ပိုင်းတွင်မူအနည်းငယ်သာအချောကိုင်ထားသော Incremental Update
များအဖြစ်
Version 4.1, 4.2 တို့ကို ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အဓိကကျသော
Update ထုတ်တိုင်း Nexus ဟန်းဆက်
များကို မိတ်ဆက်လေ့ရှိသော Google သည်
ယခုနှစ် Google I/O
ညီလာခံတွင် Nexus ဟန်းဆက်ရော တက်
ဘလက်ပါ ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ဘဲ
ရေငုံနှုတ်ပိတ်နေရာ အများမျှော်လင့်နေကြသော Android 5.0 သို့မဟုတ် Key Lime
Pie ကို ယခုနှစ်အတွင်းထုတ်ပြန်ရန်မရှိဟု အချို့ကယူဆနေကြသည်။
အဆိုပါအချက်ကို
သေချာစေခဲ့သော အထောက်အထားတစ်ရပ်ကို ထိုင်းနိုင်ငံရှိ
မိုဘိုင်းလ်ပြပွဲတစ်ခုတွင်
တွေ့ခဲ့ရပြီး Android 4.3 တင်ထားသော Nexus 4 ဟန်းဆက်ကို ပြသခဲ့သသည်ဟု သိရသည်။
ယခင်ကလည်း Android 4.3 သုံးဟန်းဆက်ပုံများ သတင်းပေါက်ကြားခဲ့သေးသော်လည်း
Build Number မှာ JWR23B မှ JWR39B အထိသာရှိခဲ့သော်လည်း ယခု Nexus 4 မှာမူ
JWR45B တင်ထားသည်ကို တွေ့ရသ
ဖြင့် အပြီးသတ်ထွက်ရှိရေးနီးစပ်လာပြီဖြစ်ကြောင်း၊ Android 4.3 ကို နာမည်မပြောင်းဘဲ Jelly Bean ဟုသာ
ဆက်လက်ခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
Android 4.3 ကို Google နှင့်နီးနီးကပ်ကပ်ဆောင်ရွက်နေသော Developer များသာ Nexus 4 ဟန်းဆက်
များနှင့်တွဲဖက်၍ သုံးစွဲခွင့်ရထားကြောင်း သိရသည်။
--
မင်းညီညီချမ်း
DL Tech Club
Rangonnewsdaily
RND: :25.5.2013
0 comments:
Post a Comment