![]() |
ဘာဖြစ်ချင်မှန်း၊ဘာလိုချင်မှန်း၊ ဘာ့ကြောင့်မှန်း သေသေချာချာမသိရပေမယ့် ...
ကျနော်တို့နိုင်ငံအတွင်းမှာ မတည်မငြိမ်ထိန်းမနိုင်သိမ်းမရနဲ့မြန်မာနိုင်ငံသားအချင်းချင်းရန်လိုသတ်ဖြတ်ကြတဲ့ အခြေအနေတစ်ခုကို
ရောက်သွားအောင် လူအင်အား၊ ငွေအင်အား
အလုံးအရင်းနဲ့ လိုက်လံလှုံဆော်နေကြတဲ့ အင်အားစုတစ်စု အသေအချာကိုရှိနေပါပြီ။
သတင်းတွေပြန့်ပြီး အလန့်တကြားတွေဖြစ်ကြမှာစိုးရိမ်လို့
စိတ်ကောင်းရှိတဲ့ ပြည်သူ့သတင်းသမားတွေက သတင်းတွေသိပ်မဖြန့်ကြပေမယ့်အင်အားစုတစ်ခုဟာနေရာအနှံ့ကိုလိုက်ပြီး မီးမွှေးဖို့ကြိုးစားနေကြတာကို
အသေအချာတွေ့လာရပါတယ်။
ဘာသာမတူကြပေမယ့် အချင်းချင်းနားလည်မှုရှိကြပြီး
အေးအေးချမ်းချမ်းနေချင်ကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရှိနေတဲ့
နေရာတွေမှာဆိုရင်တော့ အဲဒီ့လိုမီးမွှေးသူတို့ရဲ့လုပ်ရပ်ဟာ
မအောင်မြင်ပေမယ့် ... စိတ်ဆတ်ပြီး အလိုလို ဒေါသဖြစ်နေတတ်ကြတဲ့ အချို့သော
ရပ်ကွက်တွေမှာဆိုရင်တော့ သူတို့ရဲ့ လုပ်ရပ်အောင်မြင်သွားနိုင်တာမျိုးတွေရှိနေပါတယ်။
နည်းနည်းလေးဆွလိုက်ရင် မီးထတောက်လာမယ့်အခြေအနေမျိုးဖြစ်လာအောင်လည်း ... အစကတည်းက အခွေတွေ၊ တံဆိပ်တွေကို ငွေအလုံးအရင်းနဲ့ ဖြန့်ပြီးဖန်တီးထားပြီးသားဖြစ်ပါတယ် ...။
ကျနော်တို့လုပ်သင့်တာကိုစဉ်းစားမိသလောက်ပြောရမယ်ဆိုရင်.ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာရ
ပြည်သူတွေဟာ ဘာသာမတူတာတွေကို ခဏဘေးချိတ်ထားပြီး ကိုယ့်ရပ်ကွက်လုံခြုံဘေးကင်းရေးအတွက် အသိတရားရှိရှိ၊ သတိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ကြရမယ်ထင်ပါတယ်။ လှုံ့ဆော်သူတွေစနိုင်တာကတော့ ဗလီ (သို့မဟုတ်) ဘုန်းကြီးကျောင်းပါပဲ ...။
အဲဒီ့နေရာတွေကနေစပြီးမီးမွှေးကြဖို့ကြိုးစားမှာဖြစ်တဲ့အတွက်...အဲဒီ့နေရာတွေကို သတိနဲ့စောင့်ရှောက်ကြ
ဖို့လိုပါလိမ့်မယ်...။ရပ်ကွက်သူရပ်ကွက်သားတွေဘာသာမတူပေမယ့်လည်းခွဲခွဲခြားခြားမနေကြပဲ
ပူးပေါင်း
ဆောင်ရွက်ကြမယ်ဆိုရင် အပြင်ကလာပြီး မီးမွှေးသူတွေရဲ့ရန်ကို
ကာကွယ်နိုင်မယ်ထင်ပါတယ် ...။
လှုံ့ဆော်သူတွေရဲ့ဓါတ်ပုံတွေ၊ကားနံပါတ်တွေကိုတတ်နိုင်သမျှရအောင်ယူပြီး ... အချင်းချင်းသတိပေးကြဖို့
လဲလိုမယ်ထင်ပါတယ်...။အစိုးရပိုင်းကလည်းကားနဲ့လိုက်ပြီးလှုံ့ဆော်နေသူတွေကို
အမြန်ဆုံးဖမ်းဆီးပြီး
နောက်ကွယ်က ကြိုးကိုင်နေတဲ့ အင်အားစုကို
အမြန်ဆုံးရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။
Nay P Latt(နေဘုန်းလတ်)
Rangonnewsdaily
RND:4.4.2013
0 comments:
Post a Comment