Pages

Thursday, April 4, 2013

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ချဲထီ လောင်းကစားပပျောက်ရေး အဆိုတင်သွင်း

ရန်ကုန် ဧပြီ ၎

လိုင်စင်ရ သဖွယ်လုပ်ကိုင်နေကြသည့် ချဲထီလောင်းကစားမှုများ ပပျောက်ရေးကို အထူုးစီမံချက်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်း ကြောင်း အဆိုအား ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။ ယင်းအဆိုကို သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ )မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၄င်း၏ ပြောကြားချက်အရ ဖမ်းဆီးအရေးယူမှုပြုလုပ်ရသည့် ရဲတပ်ဖွဲ့မှပင် လောင်းကစားသမားများ ပူးပေါင်း ဆောင်ရွက်နေမှုများ ရှိသည်ဟု ဆိုသည်။

ယင်းအဆိုနှင့် ပတ်သတ်၍ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်နှင့် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့မှ ဆွေးနွေးခဲ့ပြီး လောင်းကစားမှုများသည် ။ ဖမ်းဆီးအရေးယူမှု ပြုလုပ်သော်လည်း ကင်းစင်ပပျောက်မှု မရှိ၍ အခွန်ငွေရရှိရန် သက်မှတ်ချက်ဖြင့် တရားဝင်ခွင့်ပြုပေးသင့်သည်ဟု တင်ပြသည်။

ယင်းကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ သဘောထား မှတ်ချက်ပေးရာတွင် ကာစီနိုကဲ့သို့သော လောင်း ကစားနည်းကို နိုင်ငံခြားသားများ ဦးစားပေးကစားနိုင်သည့် ကစားဝိုင်းများဖြင့် အခွန်ငွေရှာသင့်ပြီး ယင်းကဲ့သို့ ပြုလုပ်နိုင် ရန် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ချဲထီလောင်း ကစားကိုမှု ပပျောက်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကမှု ချဲထီလောင်းကစားများကို တည်ဆဲဥပဒေအရ ခွင့်ပြုပေးရန် မရှိကြောင်းနှင့် ယင်းတို့မှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်၍ ကြပ်မတ်ဖမ်းဆီးအရေးယူမှုပြုလုပ် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

WMT,Popular Myanmar News,Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment