skip to main |
skip to sidebar
သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရ၊ ခေါင်းစဉ်ပြောင်း၍ ထပ်တင်
1:05 PM
Kolatt
ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်
ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဧပြီလ
၎ ရက်နေ့ သံတွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှ
ပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း
ဦးဆောင်စီစဉ်သူများက ဆိုသည်။
မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို “ဧပြီ ၂
ရက်နေ့မှာ ပယ်ချတယ်။ ပယ်ရတဲ့အကြောင်းရင်းကယခင်တောင်းဆိုထားတဲ့စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးက အားလုံး
စီစဉ်ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရတဲ့ အမှုကိုလည်း
ဧပြီလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မယ်လို့ မြို့နယ်ရဲ တပ်ဖွဲ့မှူး
ဦးထွန်းရွှေက ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ အစည်းအဝေး ထိုင်ပြီး
တောင်းဆိုချက်တွေကို ပြောင်းလဲခဲ့တယ်” ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုး က
ပြောသည်။
ဧပြီလ၉ ရက်နေ့တွင် ဆန္ဒပြခွင့်ရရန်
ထပ်မံတင်ပြထားကြသည်။ တရားဥပဒေ စိုးမိုးရေး အပါအဝင်၊ ကျေးရွာ လုံခြုံရေး၊ဧည့်စာရင်းစစ်ဆေးရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်
ဖော်ရေးဟူ၍ အချက် ၄ချက်ပါဝင်ကြောင်း စီစဉ်သူများက ဆိုသည်။
ထိုဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။
စစ်တွေ(မဇ္ဈိမ), Rangonnewsdaily
RND:4.4.2013
0 comments:
Post a Comment