ကျွန်တော်တို့နိုင်ငံမှာ ခေတ်စားနေတဲ့ ဂေါက်ရောဂါ။ ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့နိုင်ငံက လူနာတွေဟာ လက်ဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ်၊ နာပြီဆိုတာနဲ့ ဂေါက်ရောဂါကို လက်ညိုးထိုးတတ်ကြတယ်။ဆရာဝန်က နံမည် တပ်သလား၊ လူနာက သူ့ဖာသာ အမည်တပ်လိုက်သလားမသိ။ နာပြီဆိုတာနဲ့ တရားခံက ဂေါက်ပဲ။
လူတော်တော်များများ အမြင်မှားနေတာက ဂေါက်ရောဂါနဲ့ကျီးပေါင်းရောဂါ ကို အတူတူထင်နေကြတာပဲ။ ဂေါက်ရောဂါကို အင်္ဂလိပ်လို (Gout)လို့ ခေါ်ကြပြီး ကျီးပေါင်းကိုတော့ (Ankylosing spondylitis)လို့ခေါ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ နဲ့ ကျီးပေါင်းဟာသပ်သပ်စီဖြစ်ပါတယ်။ ဒီတစ်ပါတ် လူနာအခေါ် ကောက် ဆိုတဲ့ (Gout) ရောဂါအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။Gout ကိုမြန်မာတွေက တိုက်ရိုက်ကူးချပြီး အလွယ် ဂေါက်ရောဂါလို့ခေါ်ကြပါတယ်။ စကားလုံးမွေးစားတယ်ပြောရမှာပေါ့
အမျိုး သားတွေမှာအဖြစ်များတာ တွေ့ရတယ်။ ဂေါက်ရောဂါ ဖြစ်ရတဲ့ အကြောင်း မှန်ကို
မသိရှိရသေးပေမယ့် သွေးတွင်း ယူရစ် အက်ဆစ် (Uric acid) များခြင်းနဲ့ဆက်စပ်နေကြောင်း ၁၈၄၈ မှာ စတင်တွေ့ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ယူရစ်အက်ဆစ် များလာရင် ကျောက်ကပ် က စွန့်ထုတ်ပေးရပါတယ်။
မသိရှိရသေးပေမယ့် သွေးတွင်း ယူရစ် အက်ဆစ် (Uric acid) များခြင်းနဲ့ဆက်စပ်နေကြောင်း ၁၈၄၈ မှာ စတင်တွေ့ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ယူရစ်အက်ဆစ် များလာရင် ကျောက်ကပ် က စွန့်ထုတ်ပေးရပါတယ်။
လုံလောက်အောင်မစွန့်ထုတ်နိုင်တဲ့ အခါ သွေးထဲမှာ ယူရစ် အက်ဆစ်တွေများလာမယ်။ ကြာလာတဲ့
အခါ ယူရိတ်ဓါတ် (Urate) တစ်မျိုးဟာ ခန္ဓာကိုယ် အစစ်ထဲ ဝင်ရောက် ပြီးဒုက္ခပေးပါတော့တယ်။ ဂေါက်ရော ဂါ ရဲ့  ၈၀ ရာခိုင်နှုန်းဟာ ကျောက်ကပ်မှလုံလောက်အောင် စွန့်ထုတ်ပေးနိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။
အခါ ယူရိတ်ဓါတ် (Urate) တစ်မျိုးဟာ ခန္ဓာကိုယ် အစစ်ထဲ ဝင်ရောက် ပြီးဒုက္ခပေးပါတော့တယ်။ ဂေါက်ရော ဂါ ရဲ့  ၈၀ ရာခိုင်နှုန်းဟာ ကျောက်ကပ်မှလုံလောက်အောင် စွန့်ထုတ်ပေးနိုင်ခြင်းမရှိလို့
တစ်ခါတစ်ရံခန္ဓာကိုယ် မှ မတန်တဆ ထုတ်ပေးတဲ့ အခါလဲ ဂေါက် ရောဂါ ဖြစ်တတ်ပါသေးတယ်။
ဂေါက် ထလာရင် ဖြစ်တဲ့နေရာ က မခံမရပ်နိုင်အောင် နာကျင်လာတတ်ပါတယ်။အများအားဖြင့် ခြေမ တွေမှာ အဖြစ်များပြီး ညအိပ်နေရင်း မခံမရပ်နိုင်အောင်
နာလာတတ်ပါတယ်။ တချို့ ဆိုရင် အဝတ်နဲ့ ထိမိတာတောင် မခံနိုင်ဘူး။
ဂေါက် ထလာရင် ဖြစ်တဲ့နေရာ က မခံမရပ်နိုင်အောင် နာကျင်လာတတ်ပါတယ်။အများအားဖြင့် ခြေမ တွေမှာ အဖြစ်များပြီး ညအိပ်နေရင်း မခံမရပ်နိုင်အောင်
နာလာတတ်ပါတယ်။ တချို့ ဆိုရင် အဝတ်နဲ့ ထိမိတာတောင် မခံနိုင်ဘူး။
စောင်ခြုံရင်လည်း စောင်နဲ့ ပွတ်မိရင်နာတတ်ပြန်တယ်။ ဖြစ်တဲ့နေရာက ပူမယ်၊နာမယ်၊ နီမယ်၊ ရောင်မယ်။ တစ်ခါ ဖြစ်ရင် ရက်သတ္တပါတ် တစ်ပါတ် နှစ်ပါတ်အစရှိသဖြင့် ကြာတတ်ပြီး ပျောက်သွားတတ်တယ်။ အများအားဖြင့် recurrentပြန်ဖြစ်တတ်တယ်။ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတွေ အဖြစ်များပြီး
အမျိုးသမီးတွေ ကအသက်ငါးဆယ်ကျော် သွေးဆုံးပြီးချိန်မှာ အဖြစ်များတယ်။
ဆရာဝန်အများစုဟာ ဂေါက်ရောဂါ အတွက် သွေးတွင်း ယူရစ် အက်ဆစ် ကိုစစ်တတ်ကြပါတယ်။ ထူးဆန်းတာ တစ်ခုက ဂေါက်ရောဂါ ထနေတဲ့ လူနာအများစုကိုစစ်ကြည့်လိုက်တဲ့ အခါ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏဟာ ပုံမှန်လောက်သာရှိနေတတ်ပါတယ်။ ဒါကြောင့် ယူရစ် အက်ဆစ် ပုံမှန် ဖြစ်တိုင်းလဲ
ဂေါက်မဟုတ်ဘူး လို့ ပြောလို့မရပြန်ဘူး။ အစားအသောက်တွေ အသားတွေ အလွန်အကျွံစားတဲ့ ခပ်ဝဝ လူကြီးတစ်ယောက်ရဲ့  ယူရစ်အက်ဆစ် level ဟာတက်နေမှာပဲ။
သွေးတွင်း ယူရစ်အက်ဆစ် များခြင်း ဟာ အချိန် ကြာလာတာနဲ့ အမျှ အက်ဆစ်တွေထဲမှာ စုပုံလာပြီး ရောဂါ လက္ခဏာ စတင်ခံစားရတယ်။ ၁၆၇၉ မှာ ဟော်လန်နိုင်ငံသား လျူဝင်ဟုတ် ဟာ ယူရစ် အစိုင်အခဲ (Urate crystal) ပုံစံတွေကိုအဏုကြည့်မှန်ဘီလူး ဖြင့် ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ အစားအသောက်
မဆင်ခြင်သူများဟာ ဂေါက်ရောဂါ မကြာခဏ ဖြစ်တတ်ပြီး နာလိုက်ပျောက်လိုက်ဖြင့် လုံးချာလည်နေတတ်တယ်။
ဒီလို လူနာတွေမှာ အဆစ်ထဲစုပုံလာတဲ့ ယူရိတ် အစိုင် အခဲ တွေဟာ အရိုးတွေကို စားပြီး ပုံပျက်ပန်းပျက်
ဖြစ်လာစေတယ်။ အများအားဖြင့် မကုပဲထားတဲ့ လူနာတွေဟာ ငါးနှစ်ခန့်အတွင်းမှာပဲ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒါမျိုးကိုဆေး ပညာအရ(chronic gout) လို့ခေါ်ကြတယ်။ ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေမခံစားရလေအောင် သွေးတွင်း ယူရစ် အက်ဆစ်များ တဲ့ လူနာတွေကို
ကုသရခြင်းဖြစ်ပါတယ်။
ဖြစ်လာစေတယ်။ အများအားဖြင့် မကုပဲထားတဲ့ လူနာတွေဟာ ငါးနှစ်ခန့်အတွင်းမှာပဲ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒါမျိုးကိုဆေး ပညာအရ(chronic gout) လို့ခေါ်ကြတယ်။ ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေမခံစားရလေအောင် သွေးတွင်း ယူရစ် အက်ဆစ်များ တဲ့ လူနာတွေကို
ကုသရခြင်းဖြစ်ပါတယ်။
ဒီလိုဆိုရင် မေးစရာတစ်ခုရှိတာက သွေးတွင်းယူရစ် အက်ဆစ်ဓါတ်များတိုင်းဆေးကု စရာလိုသလား။ ဆိုကြပါစို့။ လူနာတစ်ယောက် ဟာယူရစ်အက်ဆစ် level တော့ တက်နေတယ်။ သို့သော် ဘာရောဂါလက္ခဏာ မှမရှိဘူး။
မိဘမျိုးရိုးကလဲ ဂေါက်မရှိဘူး။ အရက် ဘီယာ သောက်တာ၊ အဝလွန်တာ စတဲ့အကြောင်းအရာ တွေလဲ မရှိဘူးဆိုရင် ဆေးကုသဖို့ လိုကောင်းမှလိုလိမ့်မယ်။သတိပြုစရာအချက်တစ်ခုက ဂေါက်ထခြင်းဟာ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏရုတ်တရက် ပြောင်းလဲခြင်းနဲ့ သက်ဆိုင်နေတယ်ဆိုတာပါပဲ။ ဒါကြောင့်ကျွန်တော်တို့ ဟာ ဆေးပေးတဲ့ အခါ သို့မဟုတ် ဆေးဖြတ်တဲ့ အခါ ဒီအချက်ကိုအထူးဂရု ပြုရတယ်။
ဂေါက်ရောဂါ ကုသတဲ့ အခါ ရေတိုရောဂါ လက္ခဏာ သက်သာစေတဲ့ ဆေးနဲ့ ရေရှည် ယူရစ်အက်ဆစ် ထိန်းဆေး တွေသောက်သုံးရပါတယ်။ ရေတိုသောက်ရမယ့် ဆေးတွေဟာရောဂါလက္ခဏာ ကိုချက်ခြင်းသက် သာစေပြီး ရေရှည်သောက်ရမယ့် ဆေးတွေဟာနောက်တစ်ကြိမ်ဂေါက် ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။
လတ်တလောသက်သာစေတဲ့ ဆေးတွေကတော့ NSAID အရောင်ကျ အကိုက်အခဲ ပျောက်ဆေးတွေ ၊ Steroidအရောက် ကျဆေးတွေ၊ Colchicine စတဲ့ တရုတ် တိုင်းရင်းဆေး တွေဖြစ်ကြပါတယ်။Colchicine ကို ဂေါက်ရောဂါ သေချာမှသာ ပေးသင့်ပြီး ရောဂါ သိသိသာသာသက်သာလာတဲ့ အခါ ဂေါက်ရောဂါ ဟုထပ်မံ ကောက်ချက်ဆွဲနိုင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို သောက်ဆေး ၊ ထိုး ဆေး နှစ်မျိုး အသုံး ပြုနိုင်ပါတယ်။
ယူရစ်အက်ဆစ် ထုတ်လုပ်မှု လျော့နည်းစေသည့်ဆေး (Allopurinol, Febuxostat)၊ ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှု များစေသည့်ဆေး (Probenecid)စသည်တို့မှာ အသုံးများသော ဆေးများဖြစ်ကြပါတယ်။ ရေရှည်သောက်ရမည့်ဆေးများမှာ တစ်ခါတစ်ရံ Life long တစ်သက်လုံးသောက်ရ တတ်ပါတယ်။ ဂေါက်ရောဂါရှိသူများ ဟာ အစားအသောက် ရှောင်ကြဉ်ရန် အထူးလိုအပ်ပြီး ခန္ဓာကိုယ်အလေးချိန် ဖြည်းဖြည်း နှင့် မှန်မှန် လျော့ချရန်အရေးကြီးပါတယ်။
ဆစ် level ရုတ်တရက်ပြောင်းလဲ ခြင်းဟာ ဂေါက်ရော ဂါ ကိုပိုမိုဆိုးရွားစေလို့ပဲ။ဂေါက
အစားအသောက်တွေအပြင် စားသုံးသင့်တဲ့ အစားအစာ တွေကိုပါဖ်ာပြပေးလိုက်ပါတယ်။
ရှောင်ကြဉ်သင့်သော အစားအစာများ
-နီသော အသားများ(အမဲသား၊ဆိတ်သား)
-ဝမ်းတွင်းကလီစာများ(အသည်း၊နှလံ
-ငါးသေတ္တာများ၊ပင်လယ်စာများ၊
-မှိုအမျိုးမျိုး၊ပန်းဂေါ်ဖီ၊ဟင်း
-စတော်ဘယ်ရီ၊ခရမ်းချဉ်သီး၊အခွံမ
-အရက်၊ဘီယာ၊ဝိုင်မျိုးစုံ၊
စားသုံးသင့်သော အစားအစာများ
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများ
-ဂျုံ၊အာလူး၊ပြောင်း၊ဆန်
-ပေါင်မုန့်၊နို့၊ကြက်ဥ၊ဒိန်ခဲ၊
-vitamin C ပါဝင်သော အားဆေးများ(500-1500mg/day)
gout ရောဂါဘေးမှ စာဖတ်ပရိတ်သတ်များ ကင်းဝေးနိုင်ကြပါစေဗျာ......။
Credit by: ဒေါက်တာ အေးမင်းထူး
RND: 7.3.2013
1 comments:
ကျေးဇူးပါ
အမေ့အတွက် ပညာရပါတယ်
Post a Comment