Pages

Thursday, March 7, 2013

စစ်တွေတွင် ယနေ့ နေ့လည် ၂ နာရီတွင် ဆန္ဒပြမည်

နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ဘင်္ဂါလီများအတွက် တူရကီငွေဖြင့် နေအိမ်ဆောက်ပေးရန် စီစဉ်နေသဖြင့် မတ်လ ၇ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်သည်။ တရားဝင် ဆန္ဒပြခွင့်ရရန် အစိုးရကို ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း အစိုးရက ညမထွက်ရ အမိန့်ကို အကြောင်းပြကာ ခွင့်မပြုခဲ့ပေ။ ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လေးစားပါ၊ ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ပါနှင့်၊
ခိုးဝင်လာသူများကို ခိုးဝင်သူ အဖြစ်သတ်မှတ်ရန်၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး နိုင်ငံသား မဟုတ်သူများကို ယာယီတဲဖြင့်ထားရန်၊ ဘင်္ဂါလီ အရေးကိစ္စ ကိုင်တွယ်ရာတွင် ပွင်လင်းမြင်သာမှု ရရှိရန် အချက် ၆ ချက်ဖြင့် ဆန္ဒပြမည်ဖြစ်သည်။

တူရကီ ငွေဖြင့် စစ်တွေ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မောင်တော၊ မြောက် ဦး၊ ရသေ့တောင်၊ ကျောက်ဖြူ စသည် တို့တွင် ဘင်္ဂါလီများအတွက် လုံးချင်း နေအိမ် ၅၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်နေသည်။

(RSV)
 Rangonnewsdaily: 7.3.2013

0 comments:

Post a Comment

 
world time