တင်ပါး လေ့ကျင့်ခန်း အမျိုးမျိုး ရှိပါတယ် ... တင်ပါး အနောက်
ထွက်ချင်တာလား ၊ တင်ပါး ဘေးချိုင့် တာ ပြည့်ချင် / တင်ပါး ဘေးကားချင်တာလား
... တင်ပါး လျှောတာ ပြန်တင်ချင်တာလား ...
တင်ပါး လုံးဝန်း ကျစ်လျစ်ချင်တာလား ၊ ပိန်ပိန်လေး တွေ တင် နဲ့ ပေါင် တသားထဲ
ဖြစ်နေလို့ .... ကွဲပြားခြားနား ချင်တာလား ... စသဖြင့် ... ကျွန်မ
ကစားဖူးသမျှ အမျိုးမျိုး သော တင်ပါး လေ့ကျင့်ခန်း အမျိုးမျိုး ကို ...
အနီးစပ်ဆုံး မျက်စိ ထဲ တွင် မြင်အောင် တစ်ဆင့်ချင်း ရေးသား ဖော်ပြထားပါတယ်
.... ကစားမည့် သူ များ အနေနှင့် တစ်ခု သတိပြုရမည် မှာ တင်ပါး
လေ့ကျင့်ခန်း တိုင်း ကို ... မိမိ ခန္ဓာ ကိုယ် တစ်ခုလုံး ( သို့ ) မိမိ
ခန္ဓာကိုယ် မှ အခြား လိုအပ်သည့် အစိတ်အပိုင်းများစွာ နှင့် သက်ဆိုင် သည့်
လေ့ကျင့်ခန်းများစွာ ကို အရင်ဆုံး ကစားပြီး မှ နောက်ဆုံး အပြီးသတ်တွင် မှ
တင်ပါး လေ့ကျင့်ခန်းတွေ ကို လေ့ကျင့် ကစားရမည် ဖြစ်ပါတယ် ...
စစချင်း ကစားသည့် အကျင့် မရှိသေးသူများ အနေနှင့် ခြေစည်းပတ်ရသည့် ကစားနည်းမျိုးများ ကစားမည် ဆိုလျှင် ... အဆိုပါ နည်း အတိုင်း ကို ပုံစံမှန်ကန်စွာ ကစားတတ်အောင် ခြေစည်း မပတ်ဘဲ ... တစ်ပတ် ခန့် ကစားပြီး နည်းစနစ် ကျ မှန်ကန်ပြီ ဆို မှ ... ခြေစည်း ပတ်၍ ကစား ရပါမယ် ... တစ်ခါ ခြေစည်း ပတ် ကစားတာ မှာ စစ ကစားချင်း မှာ အကြိမ် အရေအတွက် ( ၃၀ ) မှ စ ကစားသော်လည်း ... နောက်ပိုင်း ကြာလာတဲ့ အခါ မှာ ထူးခြားသိသာ မှု နည်းလာပြီ ဆိုလျှင် ခြေစည်း အလေး ကို ဥပမာ .. ၂ ပေါင် မှ ၃ ပေါင် သို့ တိုးပြီး ကစားခြင်း ( သို့ ) အလေး မတိုးဘဲ အကြိမ် အရေအတွက် ကို ဥပမာ ( ၃၀ ) မှ ( ၅၀ ) လိုမျီုး တိုးတိုး ပြီး ကစားသွားရမည် ဖြစ်ပါတယ် ...
တင်ပါး လှပလိုသူများ အတွက် ယခု ဖော်ပြပေးထားတဲ့ တင်ပါး လေ့ကျင့်ခန်း ခန်း အားလုံး ကို ... တစ်မျိုး လျှင် ... အနည်းဆုံး အကြိမ်အရေ အတွက် ( ၃၀ ) စီ နည်းစနစ် မှန်စွာ ဖြင့် ပုံမှန်လေ့ကျင့် သွားမယ် ဆိုလျှင် ... အနည်းဆုံး ( ၃ ) လ ( ၆ ) လ အတွင်း ထူးခြားစွာ သိသာ လှပ လှစေ မည် ဖြစ်ပါတယ်။

တင်ပါး နောက်သား တက်စေသည့် လေ့ကျင့်ခန်း ဖြစ်ပါတယ် ...
ပုံတွင် ပြထာသည့် အတိုင်း လေးဘက်ထောက် အနေအထား အတိုင်း ကို ခါး ကော့ အောင်
ချိုးပြီး ဒူးခေါင်းနှင့် ဗိုက်သား ခွင် ... ၊ ဒူးခေါင်း နှင့်
နောက်ခြေထောက် ခွင် နှစ်ခု စလုံး ထောင့်မှန် 90ံ အနေအထား ဖြစ်ရပါမယ် ....
အခု မှ အသစ် စ ကစားသူ များ အတွက် .. ခြေစည်း ပတ်ရန်မလိုဘဲ ... ပုံသဏ္ဍာန် မှန်ကန်အောင် အရင် ကစားတတ်ဖို့ လိုပြီး ပုံစံ မှန်အောင် ကစားနိုင်ပြီး ဆို မှ တစ်ဘက် ကို ၂ ပေါင် / ၃ ပေါင် အလေးချိန် ရှိ ခြေစည်း ကို ပတ်ပြီး လေ့ကျင့် ကစားရမည် ဖြစ် ပါတယ် ...
ပုံတွင် ပြထာသည့် အတိုင်း လေးဘက်ထောက် အနေအထား အတိုင်း ကို ခါး ကော့ အောင် ချိုးပြီး ဒူးခေါင်းနှင့် ဗိုက်သား ခွင် ... ၊ ဒူးခေါင်း နှင့် နောက်ခြေထောက် ခွင် နှစ်ခု စလုံး ထောင့်မှန် 90ံ အနေအထား ဖြစ်ရပါမယ် ....
ပုံစံမှန်ပြီ ဆိုမှ အနေအထား အတိုင်း ခြေထောက် တစ်ဘက် ကို ကြမ်း နှင့် မထိဘဲ ... ၀မ်းဗိုက်တစ်ဝက် အောက် အထိ ရောက်အောင် ခြေထောက် ကို အရှေ့သို့ဆွဲပါ ... ထိုလေ့ကျင့်ခန်း ကို လေ့ကျင့် ကစားနေချိန် တလျောက်လုံး မိမိ တက်ချင်သည့် တင်ပါး နေရာကို စိတ်ထည့်ထားရပါမယ် ...

( အကြိမ် အရေ အတွက် ... လုပ်နိုင်လျှင် ၃၀ ၊ မလုပ်နိုင်လျှင် ၂၀ )
.....................................................................................................................................................................
0 comments:
Post a Comment