![]() |
ယနေ့ မတ်လ ၂၃ ရက်နေ့တွင် မော်လမြိုင်မြို့စီးပွါးရေးလုပ်ငန်းရှင်
မြို့ခံတချို့က ဘီးလင်းဖက်မှာ ဓါးလက်နက် ထောင်ဂဏန်းထိ ဝေထားတယ် လို့
သတင်းတွေ ဆိုရှယ်မီဒီယာနှင့် အင်တာနက်သတင်းများတွင် ထွက်ပေါ်ခဲ့ပြီးနောက်
အဆိုပါ လုပ်ငန်းရှင် စီပွားရေးသမားများကိုယ်တိုင် မဟုတ်မမှန်ကြောင်း
ရှင်းလင်းခဲ့သည်ဟုသိရပါသည်။ မွန်ပြည်နယ်
မော်လမြိုင်မြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့ရပ်မိရပ်ဖတွေ၊
အစ္စလာမ်ဘာသာရေး အဖွဲ့ဝင်တွေ၊ မြို့ခံဆရာတော်ဘုန်းတော်ကြီးများ
ပါဝင်ပြီး ငွေမိုးဟိုတယ်တွင် ယနေ့ မတ်လ ၂၃ ရက် ၂၃.၃.၂၀၁၃ ည(၇)နာရီအချိန်
ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ဘာသာပေါင်းစုံမှ အစည်းအဝေးပြုလုပ်ကာ
ကော်လဟာလများကို မယုံကြည်ကြရန်၊ သွေးထိုးလှုံ့ဆော်မှုများမှာ မပါဝင်ကြရန်၊
သတိပေး ကြေညာချက် ထုတ်ပြန်ဖို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
M-Media, ဓါတ်ပုံ Credit-Kyaw Khant FB
Rangonnewsdaily
RND: :24.3.2013
0 comments:
Post a Comment