မိတ္ထီလာ၊ မတ် - ၂၄
နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။ယနေ့ နံနက်ပိုင်းက ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် ဦးဝီရသူ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်သုံးဦး၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်သုံးဦး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာမြို့အခြေအနေကိုလိုက်လံကြည့်ရှုပြီး၊ ဒုက္ခသည်များအားလည်း လိုက်လံတွေ့ဆုံ အားပေးစဉ် သတင်းစာဆရာများအား ဦးအောင်မင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။ "ခုလိုမျိုးဆူပူမှုတွေမကြာခဏဖြစ်နေတာဟာနိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေ ပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက
ရိုးရိုးရှင်းရှင်းလေးပဲ အချက် နှစ်ချက် လမ်းညွှန်ထားပါတယ်။
ရိုးရိုးရှင်းရှင်းလေးပဲ အချက် နှစ်ချက် လမ်းညွှန်ထားပါတယ်။
တစ်အချက်က ကိုယ့်နိုင်ငံသားတွေအကျိုးမထိခိုကစေဖို့၊ နှစ်အချက်က ရင်းနှီးမြှုတ်နှံတဲ့သူတွေအတွက် အာမခံချက်ရှိဖို့ပဲ။ ဒီလိုသာ ဆူပူမှုတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေက ဘယ်လိုလုပ်ပြီးလာရဲမှာလဲ။ဒါကြောင့်မို့လို့ ခုလိုမျိုးတွေ မကြာခဏဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို အကြီးအကျယ်ထိခိုက်စေမှာပါပဲ"ဟုဦးအောင်မင်းကပြောကြားခြင်းဖြစ်သည်။
နေ့လည် ၁၁ နရီခွဲခန့်တွင်မူ ဦးအောင်မင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ
တော်ဝင်နန်း စားသောက်ဆိုင်တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်နေကြကြောင်းသိရသည်။
ကျော်ရဲလင်း မိတ္ထီလာမှ သတင်းပေးပို့သည်။
နေ့လည် ၁၁ နရီခွဲခန့်တွင်မူ ဦးအောင်မင်းနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ တော်ဝင်နန်း စားသောက်ဆိုင်တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်နေကြေ
ကျော်ရဲလင်း မိတ္ထီလာမှ သတင်းပေးပို့သည်။
0 comments:
Post a Comment