Pages

Tuesday, February 26, 2013

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီကကျင်းပပြုလုပ်


ရန်ကုန်၊ ဖေဖော်ဝါရိ ၂၆။

ယနေ့ ကျရောက်သော ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီ၌
ကျင်းပခဲ့သည်။အဆိုပါမွန်အမျိုးသားနေ့သို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်အခြားတာဝန်ရှိသူများ တက်ရောက်
ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ဒေသဆိုင်ရာ တာဝန်ရှိသူများက မွန်စာပေအားကျောင်းပညာရေးတွင် ပါဝင်လာရေး
အတွက် အဓိကထား ပြောဆိုခဲ့ပြီး မွန်တိုင်းရင်းသားများအတွက် ဖယ်ဒရယ်သည် ခွဲထွက်ရေး မူဝါဒ
မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါ အခမ်းအနားတွင်ဒီမိုကရေစီ စနစ်အား ဖော်ဆောင်ရာတွင်
အစိုးရနှင့် ပြည်သူပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အစိုးရမှလည်း ပြည်သူအားကိုးနိုင်သော
အစိုးရဖြစ်စေရန်နှင့် ပြည်သူကလည်း အစိုးရအားကိုးနိုင်သောပြည်သူများ ဖြစ်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့
သည်။

စူးရှ
RND:26.2.2013
The Myanma Age

0 comments:

Post a Comment