Pages

Tuesday, February 26, 2013

စစ်တွေမြို့တွင်ကားခအဆမတန်တောင်းခံမှုကြောင့်သွားလာရန်ပိုမိုခက်ခဲနေ

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်း ပိုင်းတွင် အကြမ်းဖက်မှုကြီးဖြစ်ပွားပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာ များနှင့် ကမန်လူမျိုး အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ် သွားပြီး ဒုက္ခသည် စခန်းများ တွင်နေထိုင်နေကြရသည်။ သို့သော်လည်း စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်နှင့် ဘုမေရွာတို့ တွင်ကျန်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များမှာ သွားလာရေး၊ ကူးသန်းရောင်းဝယ်ရေး အားလုံးကန့် သတ်ပိတ်ပင် ထားခြင်း ခံနေရသည်။ ထို့အပြင် မိမိတို့ပိုင်ဆိုင်သော ဈေးဆိုင်များကိုလည်း အာဏာပိုင်များမှ ပိတ်သိမ်းလိုက်ပြီး၊ စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခွင့် မရဘဲ၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှထောက်ပံ့သည် များကိုသာ မှီခိုအားထား နေရပါ သည်။

အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရွာမှာ အကွာအဝေးအားဖြင့် တစ်မိုင်သာ ရှိသော်လည်း၊ လုံခြုံရေး အ ခြေ အနေအရခြေလျင် သွားရန် အခက်အခဲရှိ လျက်ရှိသည်။ တခါတရံခြေလျင် သွားလာ သူများ ကိုလည်း နယ်မြေခံရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ အကျဉ်းချခြင်းများဖြစ် ပွားခဲ့သည်။ ဖမ်းဆီးခံရသူများကို မိသားစုများနှင့် ဆက် သွယ်ခွင့်မပေးသောကြောင့် မိသားစုများမှ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကို ပင် သိခွင့်မရကြောင်းသိရှိရပါသည်။

နယ်မြေလုံခြုံရေးတာဝန်ယူ ထားသည့် လုံထိန်းရဲတပ်ဖွဲ့ဝင်များမှဖြစ်ပွားနေသော အခြေအနေကို အခွင့် ကောင်းယူ၍ ယခုအခါ အောင်မင်္ဂလာရပ်ကွက်မှ ဘုမေရွာသို့ ကားများပြေးဆွဲ၍ အဆမတန် ကားခ တောင်း ခံပြီး စီးပွားရှာလျက်ရှိသည်။

“အောင်မင်္ဂလာ ရပ်ကွက် ကနေဘုမေရွာကို တစ်မိုင်လောက် ဘဲဝေးတယ်။ လမ်းလျှောက် သွားလို့ရတဲ့ ခရီးပါ။ ဒါပေမယ့် လမ်းလျှောက်သွားရင် အန္တရာယ်လည်း ရှိတဲ့အပြင်၊ လုံထိန်းတွေ မိသွား ရင်ထောင်ချခံ ရ တယ်။ အဲဒါကြောင့် အခုအရေး တကြီးသွား ဖို့ဆိုရင် လုံထိန်းတွေပြေး ဆွဲနေတဲ့ကားကိုဘဲ အားကိုးနေရ တယ်။ အောင်မင်္ဂလာကနေ ဘုမေကို သွားရင် တစ်ယောက်ကို တစ်သောင်းပေး ရတယ်။ ဘုမရွာ ကနေ အောင်မင်္ဂလာ ကိုပြန် တဲ့ခရီးကတော့ ၃ ဆပိုပေးရတယ်။ အပြန်ခရီးက သုံးသောင်းပါ။ ကားပေါ် မှာ တော့ ခရီးသည် ၃၅ ယောက်ဆံ့တယ်။ အရေးတကြီး သွားလာရမယ် ဆိုရင်တော့ အဲဒီလို အဆမ တန် ပေးနေရတယ်” ဟု စစ်တွေမြို့ဒေသခံ မွတ်စလင် တစ်ဦးမှ RB News သို့ပြောပါသည်။
RND: 26.2.2013
RB News
 

0 comments:

Post a Comment

 
world time