February 26, 2013
တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့်
ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့်
ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း
ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု
သိရှိရသည်။ မော်တော်ယဉ်သုံးစီးအတွင်းမှ မူးယစ်ဆေးဝါးများကို ပါလယ်မြို့တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး၊ ဗိုလ်မှူးကြီး အေဂျေးချောင်ဒရီ၊သူ၏ လက်ထောက် အာကေဘာဘလူး၊ လက်ထောက် မန်နေဂျာ ဘရိုဂျင်ဒရိုဆင်းတို့နှင့်အခြားသုံးဦးတို့ကိုဖမ်းဆီးထားကြောင်း အင်ဖားမှ
ပြည်နယ်ရဲတပ်ဖွဲ့ကပြောကြား
သည်။
“ဗိုလ်မှူးကြီး ချောင်ဒရီနဲ့ အခြားသူငါးဦးကို ဒီနေ့မနက်ပဲ မဏိပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အခုလို ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတာ ကို ကျွန်တော်တို့ တအံ့တသြယုံကြည်လိုက်ရပါတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျာဒစ် ဒါဟီဗာ ကဒေလီ တွင်ပြောကြားလိုက်ပါသည်။
အကယ်၍ ထိုအမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရပါက မည်သူကိုမဆိုစည်းကမ်းအတိုင်း တင်းတင်းကြပ်ကြပ်အရေးယူ ဆောင်ရွက်သွားမည်ဟု အိန္ဒိယစစ်ဖက်က ကတိပေးထားသည်။
“တကယ်လို့ ဒီနယ်မြေရဲ့ဥပဒေအတိုင်း သူ့မှာ အပြစ်ရှိကြောင်းတွေ့ ရှိတယ်ဆိုရင် တိကျတဲ့စည်းကမ်း အတိုင်းသူ့ကို အရေးယူဆောင်ရွက်သွားမယ်ဆိုတာကို
၎င်းတို့ခြောက်ဦးကို အင်ဖားမှ ၄၅ ကီလိုမီတာဝေးသော ပါလယ်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း နှင့် အမှုကိုစာရင်းသွင်း မှတ်ပုံတင်ထားပြီးဖြစ်၍ သိုဘယ်ခရိုင် ကက်ရှင် ရဲစခန်းသို့၎င်းတို့ကိုပို့ဆောင်မည
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများတွင် Respifed၊ Omkop၊ Hilcold၊ Polyfed နှင့် Actidin ဆေးပြားများ ပါဝင်ပြီး ရူပီးငွေ ၁၅ ကုဋေခန့်တန်ဖိုးရှိကြောင်းနှင့်
(DNA India News မှ 24 February 2013 ရက်စွဲပါ “Army Colonel among 6 arrested in one of the biggest drug hauls” သတင်းကိုဘာသာပြန်ဆိုပါသည်)
RND:26.2.2013
Yangon Chronicle
0 comments:
Post a Comment