ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်း မိုးမလင်းမီအချိန်တွင် သံသုမာလမ်းနှင့် ဘေလီထိပ် အလွန်တပ်တွင်းကား ၀ပ်ရှော့ ရှေ့တွင် ကျောက်မှုန့်တင်ကွန် တိန်နာတစ်စီးက အရှိန်ကို မထိန်းနိုင်ဘဲ တိုယိုတာယာဉ် အမှတ် လ/၂၆၀၈ကို တိုက်ပြီး နောက် ၀ပ်ရှော့ရှေ့တွင် ရပ်ထား သော မေတ္တာလှိုင်းခရီးသည်တင် ယာဉ်ကို ထပ်ဆင့်တိုက်ကာ ကွန် တိန်နာယာဉ်မှာ တုံးလုံးလဲကျ သွားခဲ့သည်။
တိုက်မိသည့် မေတ္တာလှိုင်ခရီးသည်တင်ယာဉ် အမှတ် ၁င/
အဆို ပါယာဉ်တိုက်မှုကြောင့် တပ်တွင်း ကားဝပ်ရှော့ရှေ့တွင် ယာဉ် ၄စီး စလုံးရှိနေကြပြီး လမ်း၏ အခြား တစ်ဖက်မျက်စောင်းထိုးတွင်ထို ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အင်္ဂတေဓာတ်တိုင်တစ်တိုင် အောင်ခြေမှ ကျိုးပြတ်သွား ကြောင်းလည်း တွေ့ရှိရသည်။
ကွန်တိန်နာယာဉ်မောင်းမှာ ခုန်ချ ထွက်ပြေးသွားခဲ့ပြီး တိုယိုတာ ယာဉ်အမှတ် လ/၂၆၀၈မှ ယာဉ် မောင်းမှာ အနည်းငယ်ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။
ကျိုး ပြတ်သွားသော အင်္ဂတေဓာတ် တိုင်ကြောင့် လျှပ်စစ်မီးများ ပြတ် တောက်မှုများဖြစ်ပေါ်ခဲ့ပြီး လျှပ် စစ်ဌာနမှတာဝန်ရှိသူများက ယန္တရားများဖြင့် အမြန်ပြန်လည် ပြင်ဆင်နေသည်ကိုလည်း တွေ့ရ သည်။
RND: 26.2.2013
The Hot News
0 comments:
Post a Comment