ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက် နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပြိုင်ကားတစ်စီး အရှိန်လွန်ကာ သစ်ပင်အား ၀င်တိုက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ပြိုင်ကားပေါ်တွင် ပါလာသူ အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း မရမ်းကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ပြိုင်ကားသည် ပြည်လမ်းမပေါ် လှည်းတန်းဘက်မှ မောင်းနှင်လာခြင်း ဖြစ်ပြီး ယင်းကား အရှိန်
လွန်ကာလမ်းဘေးသစ်ပင်အား ၀င်တိုက်မိခဲ့ခြင်း ဖြစ်ကာ ဖြစ်စဉ် အတိအကျကို အသေးစိတ် မပြောနိုင်သေး
ကြောင်း မရမ်းကုန်း ရဲစခန်းမှ ရဲအရာရှိက ပြောပါသည်။
Eleven Media Group:
0 comments:
Post a Comment