မြောက်ကိုရီးယားနိုင်ငံသည့် ယခုနှစ်အတွင်း နျူကလီးယား
စမ်းသပ်ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မကြာသေးမီက
ပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှုမှာ ပထမအဆင့်ဖြစ်ပြီး ယခုနှစ်အတွင်း
နောက်ထပ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ၂ ကြိမ် ပြုလုပ်သွားဖွယ်ရှိသည်ဟု
မြောက်ကိုရီးယားက ၎င်း၏ အဓိကမဟာမိတ် တရုတ်နိုင်ငံကို ပြောကြားလိုက်ကြောင်း
သတင်းထွက်ပေါ်လာသည်။
လတ်တလော
ပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အခမ်းအနားကို
ပြုံးယမ်းတွင် ကျင်းပအပြီး ထိုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံတွင်
ပြုံးယမ်း၌ ကျင်းပခဲ့သော နျူကလီးယား စမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ်
အခမ်းအနားကို တွေ့ရသည်။
Planet Myanmar Network:

0 comments:
Post a Comment