ဒဂုံတောင်မြို့နယ်တွင် အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း
ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဂိုထောင်အတွင်းမှ ဆယ်သိန်းကျော်တန်ဖိုးရှိ
ပစ္စည်းများအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင်
ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါကုမ္ပဏီ
(ကားလေလံဆွဲကုမ္ပဏီ) မင်္ဂတောင်ညွှန့်မြို့နယ်နေသူသည် အိမ်၌ရှိနေစဉ်
လုံခြုံရေးအဖွဲ့မှ ဖုန်းဖြင့်အကြောင်းကြားရာ ဒေါ်အေးမိမိခိုင်၏ ကုမ္ပဏီပိုင်
ဒဂုံတောင်မြို့နယ် (၁၄၄)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် စက်မှုဇုန်လမ်းထောင့်၊
အမှတ် (၃၈၇) ရှိ ကားပစ္စည်းများထားသည့် ဂိုထောင်သို့ မနက် ၂
နာခွဲအချိန်တွင် အမျိုးသား (၇)ဦးခန့်မှ လိုက်ထရပ်ကားတစ်စီးဖြင့်
ရောက်ရှိလာကြောင်း သိရသည်။ထို့နောက် ဂိုထောင်စောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ကြိုးနှင့်တုတ်ခြင်း၊ ပါးစပ်မျက်လုံးများကို အ၀တ်နှင့်ပတ်ကာ ၀ိုင်းဝန်းထိုးကြိတ်ပြီး ဂိုထောင်တံခါးအား ရိုက်နှက်ဖွင့်၍ အတွင်းမှ ပစ္စည်းများအား သယ်ဆောင်သွားကြောင်း သိရသည်။ထို့ကြောင့် ဒေါ်မိမိခိုင်မှ ဂိုထောင်အတွင်းရှိ ပစ္စည်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ
(၉၂) ဖင်ကောက် ဘင်အဖြူရောင် နောက်ပိတ်တံခါး(၁၅)ချပ်၊ တစ်ချပ်လျင်
(၅)သောင်းနှုန်း၊ စုစုပေါင်းတန်ဖိုး (၇၅၀၀၀၀ိ/-)၊ အင်ဗာတာတစ်လုံး
တန်ဖိုး(၇၀၀၀၀ိ/)၊ ၂၀၀ AMP အနက်ရောင် ဘက္ထရီအိုးတစ်လုံး၊
တန်ဖိုး(၈၀၀၀၀ိ/)နှင့် Canter ကား Freame ရှေ့ဖြတ်နှစ်ခု၊ တစ်ခုလျင်
(၇၀၀၀၀ိ/) ဖြင့် တန်ဖိုး(၁၄၀၀၀၀ိ)၊ စုစုပေါင်းတန်ဖိုး (၁၀၄၀၀၀၀ိ/)တို့အား
ကားဖြင့် သယ်ဆေင်သွားကြောင်း ဒဂုံတောင်မြို့နယ် ရဲစခန်းမှ စစ်ဆေးချက်အရ
သိရသည်။
အဆိုပါဖြစ်စဉ်ကို ဒဂုံတောင် ရဲစခန်း(ပ)၁၁၂/၂၀၁၃၊ ပုဒ်မ-၃၉၇ ဖြင့်
အမှုဖွင့်ပြီး ကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက်
စုံစမ်းလျက်ရှိကြောင်း သိရသည်။
Eleven Media Group:
0 comments:
Post a Comment