![ရထား၊ ကားတွေကို ခဲနဲ့ပေါက်မှု ဘယ်လို ရှင်းမလဲ
=========================
(ဧရာဝတီသတင်းဌာန)
ဟိုအရင်ကတော့ ရထားတွေကို ခဲနဲ့ပစ်တာ ကြားဖူးပါတယ်။ အခု ခဲနဲ့ အပစ်ခံရတဲ့ထဲမှာ အဝေးပြေး ခရီးသည်တင် ကားတွေ ပါလာပါပြီ။ ခဲပေါက် ခံရတာကို မကြာခဏ ဆိုသလို ကြုံနေရတယ် လို့ အဝေးပြေး မော်တော်ယာဉ်လိုင်း တခုက ဆိုပါတယ်။
၁၂-၂-၂၀၁၃ (ပြည်ထောင်စု)နေ့က ရန်ကုန်မြို့ကနေ နေပြည်တော်ကို သွားတဲ့ JJ Express အဆင့်မြင့် ယာဉ်လိုင်းက ယာဉ်အမှတ် ၆ဂ/၄၀၈၈ ခဲပေါက် ခံရတာပါ။
နေ့လယ် ၁၂း၀၀ နာရီက ထွက်လာတာ ၂း၃၀ အချိန် မှာပါ တဲ့။ မိုင်တိုင်အမှတ် ၉၀/၆ အရောက်မှာ လမ်းဘေးကနေ လူတဦး လောက်လေးခွနဲ့ ပစ်ခတ်ခဲ့လို့ လေကာမှန်ကို ထိတယ်၊ မှန်စတွေလည်း ကားမောင်းသမားကို ထိမှန် ခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ ကားကို ခဏရပ်ပြီး ခရီးသည်တချို့နဲ့ ပစ်တဲ့လူကိုဆ င်းရှာကြသေးတယ်၊ တောထဲ ၀င် ပြေးသွားတယ်၊ ကျွန်တော်တို့လည်း ဆက်မလိုက်တော့ဘဲ ၁၁၅ မိုင် ယာဉ် ရပ်နားစခန်းက လုံခြုံရေးတွေကို အကြောင်းကြားခဲ့တယ်။ ဒီလို အပစ်ခံရတာ ကျွန်တော်တို့ ယာဉ်လိုင်း တခုတည်း မဟုတ်ဘူး၊ တခြား ယာဉ်လိုင်းတွေလည်း အပစ်ခံ နေရတယ်” လို့ JJ Express တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကားပေါ်မှာ လိုက်ပါတဲ့ ခရီးသည်တွေကလည်း ဒီလိုမျိုးတွေ ဆက်ဖြစ်မှာကို စိုးရိမ် နေကြပါတယ်။ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်း တချို့က အာဏာပိုင်တို့ကို အကြောင်းကြား ခဲ့ကြပေမဲ့ ဒီနေ့အချိန် ထိ ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ သိရပါတယ်။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash4/s480x480/404541_607546799272090_1025299775_n.jpg)
ဟိုအရင်ကတော့ ရထားတွေကို ခဲနဲ့ပစ်တာ ကြားဖူးပါတယ်။ အခု ခဲနဲ့
အပစ်ခံရတဲ့ထဲမှာ အဝေးပြေး ခရီးသည်တင် ကားတွေ ပါလာပါပြီ။ ခဲပေါက် ခံရတာကို
မကြာခဏ ဆိုသလို ကြုံနေရတယ် လို့ အဝေးပြေး မော်တော်ယာဉ်လိုင်း တခုက
ဆိုပါတယ်။ ၁၂-၂-၂၀၁၃
(ပြည်ထောင်စု)နေ့က ရန်ကုန်မြို့ကနေ နေပြည်တော်ကို သွားတဲ့ JJ Express
အဆင့်မြင့် ယာဉ်လိုင်းက ယာဉ်အမှတ် ၆ဂ/၄၀၈၈ ခဲပေါက် ခံရတာပါ။
နေ့လယ် ၁၂း၀၀ နာရီက ထွက်လာတာ ၂း၃၀ အချိန် မှာပါ တဲ့။မိုင်တိုင်အမှတ် ၉၀/၆အရောက်မှာ လမ်းဘေး
ကနေ လူတဦး လောက်လေးခွနဲ့ ပစ်ခတ်ခဲ့လို့ လေကာမှန်ကို
ထိတယ်၊ မှန်စတွေလည်း ကားမောင်းသမား
ကို ထိမှန် ခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ ကားကို ခဏရပ်ပြီး ခရီးသည်တချို့နဲ့ ပစ်တဲ့လူကိုဆ
င်းရှာကြသေးတယ်၊ တောထဲ ၀င် ပြေး
သွားတယ်၊ ကျွန်တော်တို့လည်း ဆက်မလိုက်တော့ဘဲ
၁၁၅ မိုင် ယာဉ် ရပ်နားစခန်းက လုံခြုံရေးတွေကို အကြောင်းကြားခဲ့တယ်။ ဒီလို
အပစ်ခံရတာ ကျွန်တော်တို့ ယာဉ်လိုင်း တခုတည်း မဟုတ်ဘူး၊ တခြား
ယာဉ်
လိုင်းတွေလည်း အပစ်ခံ နေရတယ်” လို့ JJ Express တာဝန်ရှိသူ တဦးက
ပြောပါတယ်။
ကားပေါ်မှာ လိုက်ပါတဲ့ ခရီးသည်တွေကလည်း ဒီလိုမျိုးတွေ
ဆက်ဖြစ်မှာကို စိုးရိမ် နေကြပါတယ်။ဒီလိုဖြစ်
စဉ်တွေနဲ့ ပတ်သက်ပြီး
ယာဉ်လိုင်း တချို့က အာဏာပိုင်တို့ကို အကြောင်းကြား ခဲ့ကြပေမဲ့ ဒီနေ့အချိန်
ထိ ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ သိရပါတယ်။
![]() |

0 comments:
Post a Comment