မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။ ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို
့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦးအသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်
ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊
ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ၁၇၀၀၀ကျပ်သာတွေ့
သဖြင့်ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင
အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊
ထိုသို့တောင်းယူနေစဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်
နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း၊ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်
လာသူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း
နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊
ပူးပေါင်းလိုက်လံ ရှာဖွေကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်
ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြ
ချက်အရ သိရှိရသည်။
ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင်အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မပ-၂၆/၁၃ ၊ပုဒ်မ၃၉၂
ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး
တောင်ကြီးမြို့၊အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာ
သာရပ် သင်ကြားတက်ရောက်နေသည့် ပထမနှစ် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများ
ကပြောသည်။
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
0 comments:
Post a Comment