ဆီးရီးယား
နိုင်ငံအား အစ္စရေး နိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုသည် နိုင်ငံအဆင့်
အကြမ်းဖက်မှု တစ်
ခုဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ အစ္စရေး ကာကွယ်ရေး
ဝန်ကြီး Ehud Barak သည် ဆီးရီးယား နိုင်ငံအား လေကြောင်းမှ တိုက်ခိုက်မှု
ပြုလုပ် ...ခဲ့ခြင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အတည်ပြု ပြောကြား
ခဲ့ပါသည်။
အစ္စရေး နိုင်ငံသည် ဆီးရီးယား နိုင်ငံမြို့တော်ဒမတ်စကတ်၏အနောက်
မြောက်ဘက်ရှိဂျမ်ရာယာစစ်ဘက် သုတေသန စင်တာအား ဇန်နဝါရီလ ၃ဝ ရက်နေ့တွင်
လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆို
ပါ
တိုက်ခိုက်မှုကြောင့် သုတေသန အဆောက် အဦသည် များစွာ ပျက်စီး ခဲ့ရပြီး လူ ၂
ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး
ဌာနသည် အစ္စရေး တို့၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူ ဆောင်
ရွက်ပေးရန်
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုင်ကြားစာ
ပေးပို့ခဲ့ကြောင်း သိရှိရ ပါသည်။
0 comments:
Post a Comment