ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိး ရှိပါလျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ်ကိုင်ပြီး သမီးကို သိမ်းယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။
ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာ ဆက်ဆံ တုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအတင် ဖြစ်ပွားခဲ့ရသည်။
သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင်နေသူမို့ ဘယ်သူကမှ မပြောရဲကြပေ။
နေမျိုးဇင်
0 comments:
Post a Comment