၁။ အသာစံခြင်းရဲ့နောက်ဆုံးပန်းတိုင်သည် အပါယ် ၄ ပါး။ အနာခံခြင်းရဲ့နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်။
အနာခံခြင်းသည် သမုဒယသစ္စာ (တဏှာ)ကို အကျင့်ဖြင့် ပယ်သတ်နေခြင်း ဖြစ်သည်။
၂) သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိမယ်။ မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။ ၃) ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍ နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
အနာခံခြင်းသည် သမုဒယသစ္စာ (တဏှာ)ကို အကျင့်ဖြင့် ပယ်သတ်နေခြင်း ဖြစ်သည်။
၂) သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲ ရှိမယ်။ မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။ ၃) ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍ နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
၎) တရားစစ်၊ တရားမှန်ဆိုတာ ရှုပွားဆဲအခါမှာလည်း ကိလေသာတွေ ငြိမ်းနေလို့ စိတ်ရောကိုယ်ရော ချမ်းသာတယ်။ တရားရသွားတဲ့အခါမှာ လည်း ပယ်သတ်သင့်တဲ့ ကိလေသာတွေကို ပယ်သတ်ပစ်လိုက်တဲ့ အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာတယ်။
၅) လောကစာမေးပွဲသည် မေးသူတစ်ယောက်၊ ဖြေသူတစ်ယောက်၊ အမှတ်ပေးသူ တစ်ယောက် ဖြစ်၏။ လောကုတ္တာရာ စာမေးပွဲကား မေးသူ လည်း မိမိ၊ ဖြေသူလည်း မိမိ၊ အမှတ်ပေးသူလည်း မိမိပင်ဖြစ်၍ တစ်ယောက် တည်းသာ ဖြစ်၏။ (မေး၊ ဖြေ၊ အမှတ်ပေးကြည့်ကြပါလေ။)
၆) မြင့်မြတ်သောစိတ် ဟူသည်မှာ ကုသိုလ်ပြုလုပ်ရာ၌ ပစ္စက္ခသံသရာ ငါ ကောင်းစားရေးကို ဦးစားမပေးဘဲ သူတစ်ပါးကောင်းစားရေးကိုသာ
အဓိကထားခြင်း ဖြစ်သည်။ ပါရမီထိုက်သောကုသိုလ် ဖြစ်မှ လောဘ ကိုလည်း ကုန်စေသည်။ နိဗ္ဗာန်နှင့်လည်း မြန်မြန်နီးစေသည်။
၇) တဏှာရာဂသည် မိမိချစ်ခင်သူ၏ ကောင်းကွက်ကိုသာ မြင်တတ် သကဲ့သို့ မေတ္တာသည်လည်း သတ္တ၀ါတို့၏ ကောင်းကွက်ကိုသာ မြင်တတ်၏။ ထိုသို့ ကောင်းကွက်ကို မြင်ပုံချင်း တူသောကြောင့် တဏှာ ရာဂသည် မေတ္တာယောင် ဆောင်၍ လူသားတို့၏ လှည့်ပတ်တတ်၏။
ထို့အတူ ဘ၀င်ကျခြင်းသည်လည်း ပရိယတ်၊ ပဋိပတ် အပါးမ၀သော ယော ဂီနှင့် ဆရာတို့အား ဖိုလ်ဝင်စားနေသယောင် လှည့်ပတ်တတ်သည်ကို
အထူးသတိထား သင့်ပေသည်။
၈) ထိရှသောအနာ မရှိသည့်လက်ဖြင့် အဆိပ်ကို ကိုင်တွယ်သော်လည်း အဆိပ်မတက်နိုင်။ ထို့အတူ သူတစ်ပါးကိုသေစေလိုသော အကုသိုလ်စေ တနာကို မဂ်ဖြင့် ပယ်သတ်ပြီးဖြစ်သော သောတာပန်ပုဂ္ဂိုလ်အား လေးမြား စသည်ကို ၀တ္တရားကျေရုံ ပြင်ဆင်ပေးကာမျှဖြင့် အကုသိုလ်ကံ မဖြစ်ပါ။
၉) ရောဂါတစ်ခုခု ဖြစ်နေသူသည် သူ့လူမျိုး ဖော်စပ်သောဆေး မဟုတ်ေ သာကြောင့် အခြားလူမျိုးဖော်စပ်သောဆေးကောင်းကို တွေ့သော်လည်း မသောက်ဘူးဆိုလျှင် ရောဂါမပျောက်ရုံသာ ဖြစ်၏။
ထို့အတူ ၀ိပဿနာတရားကို မိမိတို့ ကိုးကွယ်သောဘုရားကပြသော တရားမဟုတ်၍ မကျင့်နိုင် ဟု ဆိုလျှင် ကိလေသာရောဂါ မပျောက်ရုံ
သာ ဖြစ်၏။
၁၀) ဘာဝနာမရှိသောသူ၏စိတ်သည် အမိုးမရှိသော အိမ်နှင့် တူ၏။ အမိုးမရှိသောအိမ်သည် နှင်း၊ မိုးရေ၊ နေပူတို့ထင်သလို ရောက်မှုကြောင့် ခဏနှင့် ပျက်စီးရသလို ဘာဝနာမပွားသောသူ၏ စိတ်သည်လည်း လော ဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့၏ နှိပ်စက် မှုကြောင့် ညစ်နွမ်း ပျက်စီးရသည်။
၁၁) သရဏဂုံဟာ ဘက်ထရီအားနဲ့ တူတယ်။ အန္တရာယ်ကင်း ဘေးရှင်း တာက မီးချောင်းလင်းတာနဲ့ တူတယ်။ ဘက်ထရီအိုးနဲ့မီးချောင်းထွန်း တဲ့သူတွေဟာ ဘက်ထရီအားကို ကုန်မသွားအောင် ဖြည့်ပေးနေရတယ်။
၁၂) မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော်ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်သည်။
၁၃) တစ်သံသရာလုံးက မိမိကိုနိုင်လာသော လောဘဓါတ်ကို မိမိကပြန်၏ ၍ အနိုင်ယူရသည်ကား အရသာရှိပေစွ။ ယူရသော အရသာနှင့် ပေး ရသော အရသာတို့တွင် ပေးရသော အရသာအား နှစ်သက်သော အဆင့်ကို ရောက်ပြီ ဆိုမှသာလျှင် တကယ့်သူတော်ကောင်းအဆင့်ကို ရောက်ပြီဟု ဆိုသင့်၏။
၁၄) ပုထုဇဉ်တို့သည် ရှေ့မျက်တောင်မွှေးတစ်ထောက်ကိုသာမြင်ပြီး ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။ အရိယာရဟန္တာများကား ယခုဘ၀သာမက သံသရာအဆက်ဆက်ကိုပါ ကြည့်ပြီး ဆုံးဖြတ်ချက် ချကြခြင်း ဖြစ်သည်။
၁၅) နူးညံ့တဲ့မှိုပွင့်ဟာ ခက်မာတဲ့မြေပြင်ကို ဖောက်ထွက်လာနိုင်စွမ်း ရှိ တယ်။ နူးညံ့သိမ်မွေ့တဲ့ရေပြင်ဟာ ခက်မာတဲ့ကျောက်တောင် ကျောက် ခဲတွေကို သဲမှုန်ဖြစ်အောင် တိုက်စားနိုင်စွမ်း ရှိတယ်။ သူတော်ကောင်း တို့ရဲ့ နူးညံ့တဲ့နှလုံးသားဟာ သူယုတ်မာတို့ရဲ့ ခက်မာတဲ့နှလုံးသား ကို နူးညံ့အောင် စွမ်းနိုင်မှု ရှိတယ်။
၁၆) ဘ၀ဤကိုယ်၊ မင်းဟုဆိုလည်း၊ နေကိုပုံပြ၊ လကိုပုံထား၊ မှတ်တုံ ငြားလော၊ နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊ လလျှင် ပြည့်ကွယ်၊ ကြီး၍ ငယ်၏၊ ထိုနှယ်မလွဲ၊ အမြဲချမ်းသာ၊ မရှိစွာရှင့်။ အာဏာတန်ခိုး၊ အမျိုး စည်းစိမ်၊ ဘုန်းဂုဏ်သိန်လည်း၊ ထင်းတိမ်ပေါ်ငုပ်၊ ဖြစ်ချုပ်တတ်စွာ၊ ဓမ္မတာလည်း၊ ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ပိုင်းခြားလူမှာ၊ မမြဲစွာတည်း။ (မဃဒေ၀လင်္ကာ)
၁၇) ခွေးငယ်ကလေးများသည် အ၀တ်စ၊ စက္ကူစကို တွေ့သောအခါ အတူတကွ ဆွဲလွဲပြီး ပျော်ရွှင်စွာ ကစားတတ်ကြသော်လည်း အမဲရိုး ကိုတွေ့သောအခါ တစ်ကောင်နှင့် တစ်ကောင် မာန်ဖီပြီး အသေ ကိုက်ကြတော့သည်။ ထို့အတူ လောဘ၏ ကျေးကျွန်ဖြစ်ကြရသော ‘ရဟန်း၊ ရှင်၊ လ’ူ အချို့တို့သည် ဆွမ်း၊ သင်္ကန်းစသော ပစ္စည်းအသေး အဖွဲနှင့် ပတ်သက်သောအခါတွင် ချစ်ခင်ရင်းနှီးစွာ မျှတ သုံးဆောင် တတ်ကြ သော်လည်း ‘ကျောင်း၊ အိမ်၊ နေရာ’ တို့နှင့် ပတ်သက်လာလျှင် ကား ခိုက်ရန် ဖြစ်ပွားပြိး အသေအကြေ လုယက် တိုက်ခိုက်ကြတော့ သည်။
၁၈)ငွေပေါများတိုင်း မလှူပါ။ သဒ္ဓါဓာတ်ပေါများမှသာ လှူဒါန်းနိုင်သည်။
သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတမ်းပိုနေ တတ်ပေမယ့် လောဘဓာတ်ကြီးမားသူအတွက် ယူချင်စရာပစ္စည်းတွေ
အမြဲတမ်းလိုနေတတ်ပေသည်။
၁၉) မိမိကိုယ်မိမိ ကြည်ညို သူများအတွက် သေခြင်းတရားသည် ချစ်စရာကောင်းသော မိတ်ဆွေသာ ဖြစ်၏။ မိမိကိုယ်မိမိ မကြည်ညို သူများအတွက်ကား သေခြင်းတရားသည် ကြောက်စရာကောင်းသော ရန်သူသာ ဖြစ်၏။
၂၀) အထုတ်ကလေး တပြင်ပြင် အထုတ်ရှင် သေလို့သွား ကျန်တဲ့ သူတွေ ဝေလို့စား။ အထုတ်ရှင်မှာ အလကား ဘာမှလည်း မပါသွား သေရွာ ကြတော့ အပါယ်လား နိဗ္ဗာန်ရောက်ဖို့ အခက်သား။
၂၁) ပညာမပါသော ဒါနရှင်အများစုသည် နောင်ဘ၀များတွင် ချမ်းသာသော ဘ၀များကိုကား ရကြပါ၏။ သို့သော် ဉာဏ်မပါသော ဒွိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြရ၏။ ထိုပုဂ္ဂိုလ်များသည် ယခုဘ၀တွင် မဂ်ဖိုလ်ရခွင့် မရှိတော့ပေ။
၂၂) ပညာမဲ့လူမိုက်များသည် ရလာသော လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အထိ ဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားကြ၏။ ပညာရှိလူလိမ္မာများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့ရန်အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏။
၂၃) လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလ ကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာ ဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် (၆) မျိုးလုံးကို ရယူရန်အတွက် ဖြစ်၏။ စီးပွားဥစ္စာ ရှာဖွေခြင်း သည်ပင် ထိုကုသိုလ် (၆) မျိုး ပြုလုပ်ရန်အတွက် ဖြစ်၏။
၂၄) မိမိတရားရခြင်း မရခြင်းကို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာများ လျော့ပါးကုန်ပျောက်သွားခြင်း ရှိ မရှိ ဟူသော အချက်ဖြင့်သာ တိုင်းတာကြည့်ရ၏။
၂၅) သာသနာပြုပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ရင်ထဲကို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး တည်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။
၂၆) တိရစ္ဆာန်လိုများများနေရင် မှတ်ထား၊ သေရင် တိရစ္ဆာန် ဖြစ်တာပဲ။
တိရစ္ဆာန်ဟာ အိပ်တယ်၊ စားတယ်၊ ကာမဂုဏ် ခံစားတယ် ဒီသုံးမျိုးပဲ လုပ်တယ်။ ကုသိုလ်ဆိုတာ ဘာမှမလုပ်ဘူး။ လူဖြစ်ပြီးတော့ အိပ်လိုက်၊ စားလိုက်၊ ကာမဂုဏ်ခံစားလိုက် ဒီလိုပဲ နေမယ် ကုသိုလ်ဘာမှမလုပ်ဘူး ဆိုရင် တိရစ္ဆာန်ပဲ။
၂၇) လူ့ဘ၀ဟာ တိုတိုလေးပါ။ အကုသိုလ်နဲ့ အချိန်မကုန်ပါစေနဲ့။ ကုသိုလ်ကိုပဲ လုပ်ပါ။ အရင်တုန်းက မိုက်မှားသမျှရှိရင် အခုချိန်ကစပြီး အားလုံးကို ရပ်ပစ် လိုက်တော့။
၂၈) ဘုရားတည်ခြင်း ဆိုရာတွင် မြေပြင်၌ တည်ခြင်းနှင့် နှလုံးသား၌ တည်ခြင်း ဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်၌တည်သော ဘုရားများသည် သဘာဝ ရာသီဥတု ဒဏ်ကြောင့် နှစ် အနည်းငယ်ကြာလျှင် ပျက်စိးပျောက် ကွယ် သွားရသည်သာ ဖြစ်၏။
ပရိယတ္တိစာပေများ သင်ကြားပို့ချခြင်း၊ တရားပွဲများ၊ တရားစခန်းများ ကျင်းပ၍ ဟောကြားပြသ ပေးခြင်းသည် လူတို့၏နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။
၂၉) ငါ ကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်မပါဘဲ သူတစ်ပါးကောင်း စားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့် နည်းတူ ငါစွဲတည်းဟူသော ဒိဋ္ဌိကိလေသာ၊ ငါကောင်းစားဖို့တည်းဟူသော လောဘကိလေသာများကို အထိုက် အလျောက် လျော့ပါး ကုန်ခန်းစေသည် သာ ဖြစ်၏။
You'realways Onmymind
ပြန်လည်မျှဝေ ပူဇော်နိုင်ကြပါစေ ...
Royal Hero Media
0 comments:
Post a Comment