ရန်ကုန်၊ ဇူလိုင် ၂၁
၂၀.၇.၂၀၁၃ရက်နေ့၀၇၁၅အချိန်လှည်းကူးမြို့နယ်၊ရန်ကုန်-ပဲခူးလမ်းအတိုင်းအနောက်မှအရှေ့သို့ ယာဉ်
မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော၈င/ ---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပို င်
ယာဉ်သည်
လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂
အနီးအရောက်အရှိန်မထိန်းနိုင်
ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။ ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``အထည်ချုပ်စက်ရုံလုပ်သားများအနက် ကိုသန့်
ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊
ရဲမွန်ရွာ နေသူမှာဦးခေါင်းခွံကွဲဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွား
ခဲ့ ပြီး ကျန်အထည်ချုပ်လုပ်သား(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ်လည်း
ကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါ
သည်။
ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့်
ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရြှိ ပီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt (Pabedan): 21.7.2013

0 comments:
Post a Comment