ရန်ကုန်၊ ဇူလိုင် ၂၀
၁၄.၇.၂၀၁၃ရက်နေ့ ၁၆၀၀အချိန်ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်ယုဇနပလာဇာ ကားမှတ်တိုင်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူမနုနုထွေး၊ (၃၅)နှစ်၊(ဘ)
ဦးတင်ဝင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ၎င်းကိုင်ထားသော ပိုက်ဆံအိတ်အတွင်းမှ အလေးချိန် (၁)ပဲ၊(၆)ရွေးရှိ ကလေးဆွဲကြိုး(၁)ကုံးရှာဖွေတွေ့ရှိသ
ဖြင့်စစ်မေးရာယုဇနပလာဇာရှိဖိနပ်ဆိုင်တွင် ဈေးဝယ်နေသည့်အမျိုးသမီးတစ်ဦးချီထားသော (၁)နှစ်သား
အရွယ်ကလေးငယ်၏ လည်ပင်းမှ
ဖြုတ်၍ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
မင်္ဂလာတောင်ညွန့်မြို
့မရဲစခန်း(ပ)၄၉၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့် အရေးယူထားရှိခဲ့ပါသည်။
မနုနုထွေးအား အခြားခိုးမှုများဖြင့် ဆက်လက်စစ်ဆေးရာ ၄င်းသည်၂၀၁၂ခုနှစ်အတွင်းက မင်္ဂလာဈေးအ
တွင်း အထည်ဝယ်ယူနေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှရွှေထည်ပစ္စည်းများဖြစ်သည့်
လက်စွပ်၊နားကပ်၊ လက်ကောက်တို့နှင့်ငွေကျပ်(၁)သိန်းအား နှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်း
ဆည်းရမိသဖြင့်မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၀၂/၂၀၁၃၊ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူထား
ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt (Pabedan): 21.7.2013
![]() |

၁၄.၇.၂၀၁၃ရက်နေ့ ၁၆၀၀အချိန်ရန်ကုန်တိုင်ဒေသကြီးရ

0 comments:
Post a Comment