ရာဇဝင် အတ္တုပ္ပတ္တိလည်း ရှိပါတယ်။ မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ယနေ့
ဖေဖော်ဝါရီလ ၁၃ရက်နေ့ တွင် ကျရောက်သည့် ၉၈နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း
မွေးနေ့ ကို ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်ရှိ အင်းလျားကန်ဘောင် တွင် မွန်းလွဲ
၃နာရီခန့်က ကျင်းပခဲ့ကြသည်။
သည်နေ့ဟာ
ဗြိတိသျှတို့ကို တော်လှန်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေး
နေ့ဖြစ်ပါတယ်။ ငယ်မည်က မောင်ထိန်လင်း ညီအကို
အနက် အငယ်ဆုံး၊ တချိန်လုံး ကိုယ်အတွေးနဲ့ နေခဲ့
သူ၊ ပရိယာယ် မရှိ စကားကို ရိုးသားဖြောင့်မတ်ပဲ ပြောတတ်သူ၊
ငယ်စဉ်ကတည်းက စာအရာ မှာ ထူးချွန်သူ ဘာအရာကို မဆို ဇွဲဖြင့်သာ လုပ်ကိုင်ပြီး
ဘာကိုမှ အရုံးမပေးတတ်သူ တိုင်းပြည်နဲ့လူမျိုးကို မိမိအသက်ထက်
ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။
မတတ်သာလို့ ဂျပန်နဲ့ပေါင်း ခဲ့လည်း နောက်ဆုံး
မိမိ စခဲ့သည့်ကို မိမိကိုယ်တိုင် ပြန်ပြီး ဦးဆောင်ပြီး ဂျပန်ကို
ပြန်တိုက်ထုတ် ခဲ့သူဖြစ်ပါတယ်။ ဗြိတိသျှတွေကို မျက်နှာသာပေးချင်းမရှိ
ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံသူ။ တိုင်းရင်းသားများနှင့် ယုံကြည်မူကို
ခက်ခက်ခဲခဲ တည်ဆောက်ရင်းနဲ့ပဲ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သူ ဖြစ်
ပါတယ်။
သို့သော်လည်းမသာမာသူနိုင်ငံရေးအမြတ်ထုတ်သူတွေရဲ့လုပ်ကြံမူကြောင့်တိုင်းပြည်ကို ကောင်းစားအောင်
မဦးဆောင်လိုက်ရပဲ ၁၉၄၇
ဇူလိုင် ၁၉ မှာ ကွယ်လွန်ခဲ့သူ။ ဗိုလ်ချူပ်ကို ဘယ်မြန်မာနိုင်ငံသားကမှ မေ့သွား
မည် မဟုတ်ပါ။
သုတစွယ်စုံကျမ်း
0 comments:
Post a Comment