ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ
အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့်
တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင်အကြောင်းကြားမှုများ
ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိသည်။
ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှ“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ရှေးဟောင်းပစ္စည်းများအား ထိန်းသိမ်းကာကွယ်ရန် ဒေသခံများအား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သတိပေးတားမြစ်ချက်များ ထည့်သွင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကိုလာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်းပ
၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အညီ ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။
7Day News Journal
0 comments:
Post a Comment