Samsung Galaxy S IV ကို လာမယ့် မတ်လထဲမှာ ထုတ်ဖော်ပြသမယ်လို့ အများစုက
ယုံကြည်နေကြောင်း ကောလာဟလသတင်း ထွက်လာပြန်ပါတယ်။ Asia Economic News ကတော့
မတ်လ ၂၂ ရက်နေ့မှာ Samsung က အမေရိကန် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ Galaxy
S IV ကို ထုတ်ဖော်လိမ့်မယ်လို့ ရက်အတိအကျ ဆိုထားပါတယ်။ Galaxy S IV မှာ
စကရင် ၄.၉၉ လက်မ၊ ၁၀၈၀ HD display, 1.8GHz 8-core Exynos 5 Octa ပရောဆက်ဆာ၊
၁၃ မက်ဂါပစ် ကင်မရာ၊ 4G LTE, 2GB RAM နဲ့ Android 4.2.1 Jelly Bean
တို့ပါဝင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
Samsung Galaxy S IV ကို
ဧပြီလလယ်လောက်မှာ ဖြန့်ချီမယ်လို့လည်း ပြောဆိုနေကြောင်း သိရပါတယ်။
(http://bgr.com/2013/01/22/ samsung-galaxy-s-iv-release-dat e-rumor-2-301691/)
(http://bgr.com/2013/01/22/
0 comments:
Post a Comment